နေမိုး
၃. ၁၂. ၂၀၂၅
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ တအာင်း ပလောင်လက်နက်ကိုင် TNLA ဥက္ကဋ္ဌရဲ့ အမေဖြစ်သူ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သေဆုံးသွားလို့ AA နဲ့ MNDAA က ဝမ်းနည်းရကြောင်း ထုတ်ပြန်လာပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းရဲ့မိခင် ယာမာခမ်းပါး (ခ) ယာခင်စိန် အသက် (၈၃) နှစ်ဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်၊ တနင်္ဂနွေနေ့က တအာင်း(ပလောင်)ဒေသ၊ နမ့်ဆန်မြို့နယ်မှာ (၉၆) ပါးသော ရောဂါနဲ့ ဘဝတစ်ပါးကို ကူးပြောင်းကွယ်လွန်သွားခဲ့တာပါ။
ဒါကြောင့် တားအိုက်ဘုန်းရဲ့မိခင် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့တဲ့အပေါ် ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်တရုတ် MNTJP/MNDAA နဲ့ ရခိုင် ULA/AA တို့က ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း စာထုတ်ပေးပို့ခဲ့တာပါ။
