၂.၁၂.၂၀၂၅
Written By Thandar
Hey Play Application နဲ့ Niyyayana Entertainment တို့ ပူးပေါင်းရိုက်ကူးတဲ့ စာပေဗိမာန်စာမူဆုရဝတ္ထု မိသားစုအိမ်ထောင်ရေးဇာတ်လမ်းပုံစံ“လှိုင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၂ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Zealax Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီကားလေးက မြတ်သူရဲ့ ၄ နှစ်ကြာမှ ပြန်ရိုက်တဲ့ ဇာတ်ကားပါ။ အရင်ထဲက အရမ်းကြိုက်တဲ့ ဝတ္ထုဖြစ်လို့ တကယ်လို့ ရိုက်ကူးဖြစ်ရင် ပါဝင်ချင်တဲ့ စိတ်လေးအရမ်းကို ဖြစ်ခဲ့တာပါ။ ဒီကားရိုက်ဖို့အတွက် တစ်နှစ်လောက်အချိန်ယူခဲ့ရတယ်။ မြတ်သူက အရွယ်သုံးမျိုးပေါ့။ လူငယ်၊ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းအထိ သရုပ်ဆောင်ထားရပါတယ်။ ဒီဇာတ်ကောင်နဲ့ မြတ်သူကို အဓိက ကာရိုက်တာကို မြတ်သူနဲ့ လိုက်ဖက်မှု ရှိ မရှိတော့ ပရိသတ်တွေ ဝေဖန်သုံးသပ်ကြပါဦးလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မြတ်သူသူကပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်းဆရာမ နီနီနိုင် (သထုံ)ရဲ့ စာပေဗိမာန်စာမူဆုရဝတ္ထုဖြစ်တဲ့ “လှိုင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲအနေနဲ့ ကြည့်ရှုရမှာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇာတ်လမ်း နီနီနိုင် (သထုံ)၊ ဇာတ်ညွှန်းကို ဟေမာစန်း၊ မင်းမူပိုင်နဲ့ နေမျိုးအောင်တို့က ရေးသားထားပြီးတော့ ဒါရိုက်တာတိုးဝေယံလွင်က ဇာတ်ကို ပုံဖော်ထားတာလည်းဖြစ်ပါတယ်။
“အခုဆိုရင် ဒီဇာတ်ကားအတွက်ကို ကျွန်တော် နည်းနည်းလေး Stress တွေများခဲ့တယ်။ စာပေဗိမာန်စာမူဆုရဝတ္ထု၊ မိသားစုအိမ်ထောင်ရေးဇာတ်ဆိုတော့လေ။ ကျွန်တော်အကောင်းဆုံး ကြိုးစားထားတာမို့ အားပေးကြပါဦး” လို့ သရုပ်ဆောင် ကောင်းမြတ်စံကပြောပါတယ်
သရုပ်ဆောင်တွေဖြစ်တဲ့ ကောင်းမြတ်စံ၊ မြတ်သူသူ၊ ကောင်းဆက်နိုင်၊ August မိုး၊ ဘုန်းမင်းနေလ၊ မီကိုခန့်၊ မေရီမောင်၊ အလင်းသစ်၊ စောလပြည့်ဝန်းတို့က ပါဝင်ထားကြပါတယ်။
အပိုင်း ၃၀ ပိုင်းပါဝင်တဲ့ “လှိုင်းလေကြားက ပန်းရွှေကြာ” ဇာတ်လမ်းတွဲကို ဒီဇင်ဘာ ၃ ရက်နေ့ အပတ်စဉ် တနင်္ဂလာနေ့ကနေ သောကြာနေ့အထိ ည ၇ နာရီတိုင်းမှာ Hey Play Application နဲ့ MRTV – 4 ရုပ်သံလိုင်းတို့မှာ ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
#ကောင်းမြတ်စံ #မြတ်သူသူ #KaungMyatSan #MyatThuThu #AugustMoe #BhoneMinNayLa #KaungSekNaing #လှိုင်းလေကြားကပန်းရွှေကြာ #HeyPlayApplication
MRTV4










