MT News
၃၀. ၁၁. ၂၀၂၅
ဆရာ၊ ဆရာမများ၏ နိုင်ငံ့ဝန်ထမ်းလစာ ကျပ်သိန်း ၁၂၀ ခန့် သယ်ယူလာသည့် ကျောင်းအုပ်ကြီးကို ကယား PDF လေးဦးက တားဆီးကာ ပါရှိငွေများကို လုယက်လိုက်ကြသည်ဟု သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ လောပိတ(ရှမ်း)ရပ်ကွက်နေ ရှမ်းရွာအခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခွန်သွက်(၅၇)နှစ်သည် ၎င်းပိုင် မော်တော်ယာဉ်ဖြင့် နိုဝင်ဘာလအတွက် ပညာရေးဝန်ထမ်း ၃၁ ဦး၏လစာငွေ ၁၁၉ သိန်းကျပ်အား လွိုင်ကော်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ(လွိုင်ကော်)မှ သွားရောက်ထုတ်ယူခဲ့ပြီး လောပိတမြို့သို့ ပြန်လာစဉ် မထောခူ(အထက်)ကျေးရွာအနီးအရောက်၌ PDF လေးဦးက ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး မော်တော်ယာဉ်အား တားဆီးရပ်တန့်ခိုင်းကာ ယာဉ်ပေါ်တွင် ပါလာသည့် လစာငွေများအား အကြမ်းဖက်ခြိမ်းခြောက်၍ လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
မဲမသမာမှုပြုလုပ်သဖြင့် ဖြုတ်ချခံလိုက်ရသော NLD မှ တစ်ဆင့် ပေါက်ဖွားလာသည့် NUG ၏ PDF များသည် ခိုးဆိုးလုယက်သည့် ဓားပြများသာဖြစ်သွားမည်ဟု RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်ဆစ်က PDF များ လက်နက်ကိုင်စ ၂၀၂၁ ကတည်းက ကြိုတင်နိမိတ်ဖတ်ပြောကြားခဲ့ပြီး ထိုပြောကြားချက်မှာ လက်ရှိအချိန်တွင် ရာနှုန်းပြည့် မှန်ကန်နေခဲ့ပြီဖြစ်သည်။
