၂၈. ၁၁. ၂၀၂၅
Photo by Nay Yaung Linn
ရန်ကုန်မြို့၏ အထင်ကရပွဲဈေးတစ်ခုဖြစ်သည့်
စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းပွဲဈေးကို နိုဝင်ဘာ ၂၈ ရက်တွင် စတင်ပြုလုပ်နေပြီ ဖြစ်သည်။
အဆိုပါ ကျွန်းတောလမ်းပွဲဈေးကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ တစ်ပတ်ကြာပြုလုပ်သွားမည်ဖြစ်ပြီး ကျွန်းတောလမ်းရှိ ” ကိုးနဝင်းကပ်ကျော်ရန်အောင်ဆုတောင်းပြည့်စေတီတော်” ၏ (၉၁) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။









