၂၈.၁၁.၂၀၂၅
Written By Thandar
MRTV4 & HEY Play တို့ ပူးပေါင်းတင်ဆက်မယ့် ဇာတ်သဘင်အခြေခံတဲ့ Horror ဇာတ်လမ်းပုံစံ “ဂေါင်းကြီး ပြန်လာပြီ” Return of Goung Gyee ကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို အလုံမြို့နယ်ရှိ အိမ်တော်ရာစေတီမှာ ကျင်းပခဲ့ပါတယ်။
“ပထမဂေါင်းကြီးတို့ ရွာသာရွာတုန်းကလည်း ပရိသတ်တွေ တော်တော်လေးကို အားပေးကြလို့ ကျွန်တော်တို့ ဒီဂေါင်းကြီး ပြန်လာပြီဆိုတာ ထပ်ရိုက်ဖြစ်ကြတာပါ။ ဒီ Season 2 မှာတော့ ကိုကြံ့ (ကျော်ကျော်ဗိုလ်) က Update ထက်မြှင့်ရအောင်ဆိုပြီး Casting တွေ တိုးလာတာပါ။ ကိုအရိုင်းတို့ရော၊ တင်မောင်ဆန်းမင်းဝင်းပါ ပါလာတာပါ။ ဇာတ်သဘင်ပါမယ်။ Music တွေလည်းပါလာတာမို့ ပုံစံတွေ ပြောင်းထားပါတယ်။ ဇာတ်သဘင် Horror လေးတွေ ပါပါမယ်။ တောင်ပေါ်မြို့လေးတစ်မြို့ရဲ့ ရိုက်ကူးမှာမို့ လိုက်ဖက်တာတွေ အကုန်ဝတ်ဆင်ရိုက်ကူး ပုံဖော်ကြမှာပါ။ ဇာတ်လမ်းအပြောင်းအလဲပေါ်မှာ ကြည့်ရသူတွေတော့ တစ်မျိုးလေးဖြစ်နေမှာပါ”လို့ ဒါရိုက်တာ သရုပ်ဆောင် ခင်လှိုင်(ဉာဏ်ကြီးရှင်)က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ ဇာတ်ညွှန်းမင်းကိုစိုး၊ ဒါရိုက်တာ ခင်လှိုင် (ဉာဏ်ကြီးရှင်)က ပင်းတယဘက်က ကျေးရွာတစ်ခုမှာ ဇာတ်သဘင်ကို အခြေခံထားတဲ့ Horror ဇာတ်လမ်းပုံစံကို ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ အေးဝတ်ရည်သောင်း၊ တင်မောင်ဆန်းမင်းဝင်း၊ ဥဩသံသာ၊ ခွန်သာချို၊ အရိုင်း၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ခင်လှိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ သွက်လက်၊ အကယ်ဒမီ ဝါဝါအောင်၊ ဝါဝါမေမောင်၊ ရွှေအိုး၊ ဂွမ်းပုံကြီး၊ မေတ္တာမြင့်မြတ်ဟိန်း၊ ဗူးသီး၊ ပေါင်မုန့်၊ အဂ္ဂ၊ စုမြတ်၊ ဖူးဖူးနဲ့ သရုပ်ဆောင်များစွာပါဝင်ထားကြပါတယ်။
အပိုင်း (၂၀) စာပါဝင်မယ့် “ဂေါင်းကြီး ပြန်လာပြီ” ဇာတ်လမ်းတွဲကိုတော့ လာမယ့် ၂၀၂၆ ခုနှစ်မှာ HEY Play Application ၊ HEY Play YouTube Channel နဲ့ Channel 7 ရုပ်သံလိုင်းတွေက ပြသနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ သိရပါတယ်။
#ကျော်ကျော်ဗိုလ် #KyawKyawBo #KhinHlaing #AyeWuttYeThaung #AyeThaung #TinMaungSanMinWin #OakAwwThanThar #KhunTharCho #GoungGyee #RETURNOFGOUNGGYEE









