၂၈.၁၁.၂၀၂၅
Written by Linn Eain
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီဟာ မွေးရပ်မြေမြောင်းမြမြို့မှ မဲဆန္ဒရှင်များထံသို့ နိုဝင်ဘာ ၂၇ ရက်က သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဦးခင်ရီက “ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကျွန်တော့်မွေးရပ်မြေမှာ မဲဆန္ဒရှင်ပြည်သူများနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်ခင်ဗျာ” ဟု မြောင်းမြမြို့တွင် တွေ့ဆုံမှုဓာတ်ပုံများနှင့်အတူ ၎င်း၏ Facebook အကောင့်တွင် ဖော်ပြထားသည်။
ဦးခင်ရီနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဧရာ၀တီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးသိန်းထွန်းတို့လည်း လိုက်ပါခဲ့ကြသည်။
ထိုသို့တွေ့ဆုံပြီးနောက် ပုသိမ်မြို့နယ်၊ ကိုးသိန်းအားကစားကွင်းပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံမိတ်ဆက်ပွဲသို့ သွားရောက်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မွေးရပ်ဇာတိဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။
ယခု ၂၀၂၅ ရွေးကောက်ပွဲတွင်မူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။







