၂၈. ၁၁. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ ရောက်ရှိလာသည့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO အား နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲမှ နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဥ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတသည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် နိုဝင်ဘာ ၂၇ ရက် (ယမန်နေ့) ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အဆိုပါခရီးစဥ်သည် နှစ်ရက်တာခရီးစဥ်ဖြစ်ကြောင်း Belta သတင်းဌာနက ဖော်ပြခဲ့သည်။
ဘယ်လာရုစ်သမ္မတ၏ အထူးလေယာဥ်က မြန်မာ့လေပိုင်နက်အတွင်း ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် Su-30 SME ဘက်စုံသုံး အကြီးစား ဂျက်တိုက်လေယာဉ် ၃ စီးက လိုက်ပါခြံရံ ပျံသန်းကြိုဆိုခဲ့သည့်အပြင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိချိန်တွင်လည်း ဘယ်လာရုစ်သမ္မတကို မြန်မာနိုင်ငံက ကော်ဇောနီခင်းကာ ဂုဏ်ပြုတပ်ဖွဲ့ ခမ်းခမ်းနားနား ကြိုဆိုခဲ့သည်။











