




၂၇.၁၁.၂၀၂၅
Written By Thandar
မကြာခင် ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် Miss Cosmo 2025 ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်မြင့်မြတ်မိုးက ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ Yangon International Airport မှ စတင်ထွက်ခွာခဲ့ပါတယ်။
“မိုးအနေနဲ့ ဒီပြိုင်ပွဲသွားပြိုင်ရမှာမို့ တော်တော်လေးကို ရင်ခုန်မိပါတယ်။ တချို့ နိုင်ငံအသီးသီးက အလှမယ်တွေကလည်း ပြိုင်ပွဲအတွက် ကြိုရောက်နေကြပြီမို့ Join ရင်းမို့ ပိုရင်ခုန်ပါတယ်။ ကိုယ်က Camp ကာလတစ်ခုလုံးလည်း ပြင်ဆင်ခဲ့တယ်။ မိုးပင်ပန်းဒဏ်တွေလည်း အများကြီးခံနိုင်သွားတယ်ပေါ့နော်။ ကိုယ့်အတွက် လိုအပ်တာတွေ အားလုံးပြင်ဆင်ထားပါတယ်။နေ့တိုင်းကတော့ မတူညီတဲ့ Schedule သွားရမှာမို့ စိတ်ဝင်စားဖို့ကောင်းပါတယ်”လို့ Miss Cosmo Myanmar 2025 အလှမယ် မြင့်မြတ်မိုးက ပြောပါတယ်။
အဆိုပါ ဗီယက်နမ်နိုင်ငံသို့ စတင် ထွက်ခွာခဲ့တဲ့ ခရီးစဉ်ကို အလှမယ် သဲစုညိမ်းနဲ့ Fan တွေတချို့ လိုက်လံပို့ ဆောင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲမှာတော့ Country အကြောင်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေအကြောင်း၊ Culture ပိုင်းတွေကို သေချာ ချပြသွားမယ်လို့ သိရပါတယ်။
“ အိပ်မက်ကို အခု အကောင်အထည်ဖော်ခွင့်ရပြီ။ ယုံယုံကြည်ကြည်နဲ့ Cosmo ပွဲကို လွှတ်ပေးလို့ ဆရာထူးကိုလည်း အရမ်းကျေးဇူးတင်တယ်။ အဝတ်အစားကိုလည်း အစုံ ၄၀လောက် ယူသွားဖြစ်တယ်။ မိုးအကောင်းဆုံး ကြိုးစားခဲ့မှာပါ” လို့ သူမက ဆက်ပြောပါတယ်။
