၂၆.၁၁.၂၀၂၅
Written By Thandar
Canal + Myanmar FG နဲ့ FG Series Production တို ပူးပေါင်းတင်ဆက်တဲ့ လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင် စားစရာ မိသားစုဒရာမာ ဇာတ်လမ်းပုံစံ “ကံဆက်ကန်” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားကတော့ ရေကန်တွေ နေရာတိုင်းမှာရှိကြပါတယ်။ ဒီရေကန်ကလူစားတယ် ဘာဖြစ်တယ်ဆိုတဲ့ ပါးစပ်ရာဇဝင်တွေ ရှိခဲ့ကြပါတယ်။ ဒါကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ဇာတ်လမ်းလို့လည်း ပြောလို့ရပါတယ်။ ရိုက်ကွင်းပေါ်မှာ မထင်မှတ်ထားတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ဝိုင်းကတော့ ဆုထက်ဆိုတဲ့ ကာရိုက်တာနဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်နေရာက ပါဝင်ထားပါတယ်။ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းတွဲဖြစ်မှာမို့ ဒီဇင်ဘာ ၁ ရက် ထုတ်လွှင့်ရင်လည်း အားပေးကြပါဦး ”လို့ သရုပ်ဆောင် ဝိုင်းရွှေရည်က ပြောပါတယ်။






ဒီဇာတ်ကားကို ဇာတ်ညွှန်း လင်း၊ ယမင်းဖြိုးဝေတို့ကရေးသားပြီး ဒါရိုက်တာ ထွန်းထက်အာကာဗို၊ လက်ထောက်ဒါရိုက်တာ ကျော်မျိုးသူတို့က ဧပြီလပိုင်းက စတင်ရိုက်ကူးပုံဖော်ခဲ့တာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ဆု၊ အကယ်ဒမီ အေးမြတ်သူ၊ ဟိန်းရတု၊ ဝိုင်းရွှေရည်၊ ဥဩသံသာ၊ နေဝန်း၊ မင်းမြတ်သုခ၊ ယု၊ လွန်း၊ ဝေယံထက်၊ သက်ထက်၊ ခန့်ကျော်ကောင်း၊ စိုင်းဇေယျ၊ ပန်ဆု၊ ရာဇာထွန်း၊ ပန်သုခ၊ နေနော်၊ အရိုင်း၊ ထူးသာ၊ ဂျိုကာ၊ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီ ခင်မို့မို့အေး၊ ကလေးသရုပ်ဆောင် ရွှန်းလဲ့ဝတီနိုင်နဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
၂၆ မိနစ်စာ အပိုင်း ၃၀ ပါဝင်တဲ့ “ကံဆက်ကန်” (The Lake) ဇာတ်လမ်းတွဲကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှ စပြီး တနင်္လာကနေ သောကြာနေ့အထိ ည ၇ နာရီမှာ CANAL+ ZAT LENN Channel က ထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။
