၂၄.၁၁.၂၀၂၅
Written By Thandar
Bo Bo Film Production က Traditional Horror ဇာတ်လမ်းပုံစံ “ပန်ဒိုရာ”ရုပ်ရှင်ဇာတ်ကားကြီးကို VIP First Look Show ပွဲအခမ်းအနား နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ အနုပညာရှင်များစွာတက်ရောက်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ကိုဘိုစန်း၊ ဦးဝင်းငြိမ်း၊ အကယ်ဒမီဆွေဇင်ထိုက်၊ အကယ်ဒမီနေဝင်း၊ မင်းဘုန်းမြတ်၊ ရဲလွင်ဦး၊ အကယ်ဒမီများရှင် ရန်အောင်၊ ကိုဂျွန်လွင်၊ သာဒီးလူ၊ ဒါရိုက်တာ စိုးမိုးမင်း၊ ထွန်းထွန်း၊ နေမင်း၊ ဇာတ်ညွှန်း မိုးနီလွင်၊ ဖြိုးမြတ်အောင်၊ နီနီခင်ဇော်၊ Lil’Z စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ဒီဇာတ်ကားက ညမင်္ဂလာရိုက်ပြီးနောက် ကျွန်တော်ရဲ့ ၂၀၂၄ လောက်မှာ ဒုတိယမြောက် ရိုက်တဲ့ဇာတ်ကားပါ။ ညမင်္ဂလာမှာ Comment တွေ ကြည့်လိုက်တော့ ဒီကားက ဟာသလေးတွေပါတယ်ပေါ့။ တချို့ကြိုက်သူရှိသလို မကြိုက်တာလည်း တွေ့ရတယ်။ သဘောကျတဲ့ ပရိသတ်တွေကတော့ ညမင်္ဂလာနဲ့တင် လုံလောက်ပြီပေါ့။ သဘောမကျတဲ့ ပရိသတ်တွေအတွက် တကယ့် Traditional Horror စစ်စစ်ကို ရိုက်ကူးဖြစ်ခဲ့တာပါ။ ဇာတ်လမ်းကိုမှ မတူညီတဲ့ ဇာတ်လမ်း အချိုးအကွေ့တွေနဲ့ ရိုက်ကူးပုံဖော်ထားပါတယ်”လို့ ဒါရိုက်တာ ဒီဒီထက်အောင်က ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာ ဒီဒီထက်အောင်က ပရိသတ်အကြိုက် တွေ့စေမယ့် Traditional Horror စစ်စစ်ကိုပုံဖော် ရိုက်ကူးထားတယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေဝင်း၊ မင်းဘုန်းမြတ်၊ ရဲလွင်ဦး၊ အကယ်ဒမီမေမြင့်မိုရ်၊ ခြူးစစ်ဟန်၊ ဆုထက်လှိုင်၊ ဇော်ဝင်းနိုင် (မန်း) စတဲ့သူတွေ ပါဝင်ထားကြပါတယ်။
“ပန်ဒိုရာ”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာပြည်တွင်းရှိ အဆင့်မြင့်ရုံတွေမှာရုံတင်ပြသမှာဖြစ်ပါတယ်။
#DirectorDDHtetAung #AcademyNayWin #MinBhoneMyat #YeLwinOo #BoBoFilmProduction
#AcademyMayMyintMo #ChuuSittHan #HsuHtetHlaing #ZawWinNaing(Man)










