၁၉. ၁၁. ၂၀၂၅
Photo – NYL
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) ဥက္ကဋ္ဌ ဦးခင်ရီက မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲကြေညာ စာတမ်းရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံတွင် နိုဝင်ဘာ ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲက စတင်၍ ကျင်းပနေလျက်ရှိသည်။
အဆိုပါ ပြည်ခိုင်းဖြိုးပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၄၀ ကျော်မှ အင်အား တစ်သောင်းခန့်တက်ရောက်လာကြောင်း အခမ်းအနားကျင်းပရေးအဖွဲ့မှ မေးမြန်းသိရသည်။











