၁၈.၁၁.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်အစိုးရက တရုတ်တိုင်ဝမ်ကို အမေရိကန်ဒေါ်လာ သန်း ၃၃၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေရောင်းချမယ်လို့ မကြာခင်ကဘဲ ကြေညာခဲ့တာကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၇ ရက်မှာ ရှုတ်ချခဲ့ပြီး အမျိုးသားအချုပ်အခြာ အာဏာနဲ့ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံတွေအားလုံးကို လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ှရှီဂန်းက အမေရိကန်ရဲ့ လက်နက်ရောင်းချမှုဟာ တရုတ်တစ်နိုင်ငံထဲမူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲတရားဝင်ကြေညာချက်သုံးခုကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပြီး တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုလည်း အလွန်အကျွံ ဝင်ရောက်စွက်ဖက်မှုပြုနေတဲ့အပြင် တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားတွေကို ထိခိုက်စေပြီး တိုင်ဝမ်လွတ်လပ်ရေး ဆိုတဲ့ ခွဲထွက်ရေးတပ်ဖွဲ့တွေဆီ ကြီးမားပြီး မှားယွင်းတဲ့ အချက်ပြမှုတစ်ခု ပေးပို့တာလည်းဖြစ်တယ်လို့ မီဒီယာမေးမြန်းမှုတစ်ခုကို တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ကျန်က “ကျွန်ုပ်တို့အနေနဲ့ ဒီကိစ္စကို လုံးဝ မကျေနပ်ဘဲ ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်၊ အမေရိကန်ဘက်ကိုလည်း လေးနက်စွာ တင်ပြပါတယ်” ထပ်မံ ပြောကြားခဲ့ပါတယ်။
တိုင်ဝမ်လွတ်လပ်ရေးဆိုလို့ပြီး စစ်ရေးနည်းလမ်းနဲ့ ကူညီဖို့ ကြိုးပမ်းမှုတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်ဖို့ ဖိတ်ခေါ်နေတာဖြစ်ပြီး တရုတ်အစိုးရကို ထိန်းချုပ်ဖို့ ထိုင်ဝမ်ကို အသုံးချမယ့် အစီအစဉ်ဟာလည်း မအောင်မြင်နိုင်ဘူးလို့ ကျန်က ပြောကြားခဲ့ပါတယ်။
“နှစ်နိုင်ငံနှင့် နှစ်နိုင်ငံစစ်တပ်တွေအကြား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်စေဖို့ အမေရိကန်အနေနဲ့ တိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးတဲ့ မှားယွင်းသော လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ကျွန်ုပ်တို့ တိုက်တွန်းပါတယ်” လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။
နောက်ဆုံးအနေနဲ့ ကျန်က”ဒီမိုကရက်တစ်တိုးတက်ရေးပါတီအာဏာပိုင်တွေကိုလည်း တိုင်ဝမ်ပြည်သူတွေ ခက်ခက်ခဲခဲရှာဖွေထားရတဲ့ငွေတွေကို လက်နက်ဝယ်ယူပြီး အလဟဿဖြုန်းတီးတာက တိုးတက်မှုမရှိတဲ့ နည်းလမ်းတစ်ခုသာဖြစ်ပြီး ပြင်ပအင်အားစုတွေကို အားကိုးပြီး လွတ်လပ်ရေးရဖို့ကြိုးစားတာ ဒါမှမဟုတ် ပြန်လည်ပေါင်းစည်းမှုကို လက်နက်နဲ့ ခုခံဖို့ ဘယ်လိုကြိုးပမ်းမှုမဆို မအောင်မြင်နိုင်ဘူး ဆိုတာ သတိပေးပါတယ်” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref- Xinhua

