၁၄. ၁၁. ၂၀၂၅
Written by Nyein Kyaw





အမျိုးသားနေ့ အထမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတော် ယာယီသမ္မတက နိုင်ငံတော်အတွက် ထူးကဲစွာ အမှုထမ်းသူ၊ အကျိုးဆောင်သူများနှင့် နိုင်ငံတော်ကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယနေ့တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂၀၃/၂၀၂၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်ရာတွင် သီရိပျံချီဘွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ် ၇ ဦးအားလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့အား အမရပူရမြို့ပြစီမံကိန်း ဥက္ကဋ္ဌ ဦးဝိတ်(ခ)ဦးဝိဇ္ဇာ၊ ရွှေသံလွှင်ကုမ္ပဏီ နာယက ဒေါက်တာနီနီတို့ အပါအဝင် ၁၀ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၆ ဦး၊ သိပ္ပံကျော်စွာဘွဲ့ ၁၇ ဦး ချီးမြှင့်ခဲ့သည်။
ထို့အပြင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၅၄ ဦး၊ ရဲသူရတံဆိပ် ၇ ဦး၊ ရဲဗလတံဆိပ် ၁၂၂ ဦး၊ ရဲသူရိန်တံဆိပ် ၅ ဦး၊ ရဲကျော်စွာတံဆိပ် ၁၅ ဦး၊ ရဲကျော်သူတံဆိပ် ၁၁၃ ဦး၊ သီရိဇေယျကျော်တံဆိပ် ၂ ဦး၊ စီမံထူးချွန်တံဆိပ် (ပထမအဆင့်) ၁၀ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၂၅ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်) ၂၄၂ ဦးတို့ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
ချီးမြှင့်ခံရသူများတွင် ရွှေသံလွင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်ဝင်း၊ ဒါရိုက်တာ စင်ရော်မောင်မောင်၊ ဟာသသရုပ်ဆောင် ဒိန်းဒေါင် အပါအဝင် ၃၉ ဦးတို့ကို လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ချီးမြှင့်ခဲ့ပြီး UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ သရုပ်ဆောင် ခိုင်နှင်းဝေ အပါအဝင် ၄၂ ဦးတို့ လူမှုထူးချွန်တံဆိပ် (ဒုတိယအဆင့်) ချီးမြှင့်ခဲ့သည့်အပြင် လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ၄၀၃ ဦး ချီးမြှင့်ခဲ့သည်။
ထို့တူ လယ်ယာစီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ၃ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ၇ ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (ပထမအဆင့်) ၁ ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ် (တတိယအဆင့်) ၇၆ ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၆ ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၄ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ပထမအဆင့်) ၂ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယအဆင့်) ၁၅ ဦး ချီးမြှင့်ခဲ့သည်။
ယင်းအပြင် အနုပညာထူးချွန်တံဆိပ် (ပထမအဆင့်) ၁ ဦး၊ အနုပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၂ ဦး၊ စာပေထူးချွန်တံဆိပ် (ပထမအဆင့်) အား သတင်းစာဆရာ ဦးကိုကို(ကိုကိုစက်မှုတက္ကသိုလ်) အပါအဝင် ၈ ဦး၊ စာပေထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၅ ဦး ချီးမြှင့်ခဲ့သဖြင့် စုစုပေါင်း လူပုဂ္ဂိုလ် ၁,၂၀၀ ကျော်အား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
