၁၃.၁၁.၂၀၂၅
Written By Thandar
၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ “ခေတ်ဆန်းချိန်”အမျိုးသားအောင်ပွဲနေ့ ဂုဏ်ပြုတေးဂီတဖျော်ဖြေပွဲကို မနက်ဖြန် နိုဝင်ဘာ ၁၄ ရက် ည ၉ နာရီမှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား၊ MRTV-HD Channel နဲ့ MRTV Entertainment Channel တို့က တိုက်ရိုက် Live ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ကိုတော့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ပြည်သူများအပန်းပြေစေဖို့ စိတ်ခွန်အားသစ်တွေ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲတွေကို ဆန်းသစ်တင်ဆက်လျက်ရှိတာလည်း ဖြစ်ပါတယ်။
အဆိုပါ တေးဂီတဖျော်ဖြေပွဲမှာ နာမည်ကျော် တေးသံရှင်တွေဖြစ်တဲ့ ရဲထိုက်၊ ရသ၊ ဈာန်ထူး၊ ဖြိုးဘိုဘို၊ လျှမ်းထက်ကို၊ စဝ်ဝဏ္ဏကျော်စွာ၊ စိမ့်နေခြည်၊ ရဲရင့်ဝေလွင်၊ အိအိလှိုင်နဲ့ မေ့ချစ်သက်တို့က အမျိုးဂုဏ်ဇာတိ ဂုဏ်မြှင့်တင်ပြီး ဂုဏ်ယူနိုင်တဲ့ ဇာတိမာန်တက်ကြွစေမယ့် ခေတ်အဆက်ဆက်ထင်ရှားကျော်ကြားခဲ့တဲ့ တေးသီချင်းကောင်းတွေကို မြန်မာ့အသံတေးဂီတအဖွဲရဲ့ တီးခတ်မှုနဲ့အတူ ဖျော်ဖြေတင်ဆက်ကြမှာဖြစ်ပါတယ်။
“ခေတ်ဆန်းချိန်”အမျိုးသားအောင်ပွဲနေ့ တေးဂီတဖျော်ဖြေပွဲကို MRTV-HD Channel နဲ့ MRTV Entertainment Channel တို့က တိုက်ရိုက်(Live)ထုတ်လွှင့်ပြသမှုနဲ့ အတူ MRTV App ရဲ့ Entertainment Sector နဲ့ MRTV Telegram တို့ကလည်း တစ်ပြိုင်တည်း Streaming လွှင့်တင်မယ်ဖြစ်တဲ့အပြင် နိုဝင်ဘာ ၁၆ ရက်၊ နံနက် ၁၀ နာရီခွဲမှာလည်း MRTV HD Channel က Replay ထပ်မံပြသမှာလို့ သိရပါတယ်။
