၁၁. ၁၁. ၂၀၂၅
Photo – Nay Yaung Lin








ရန်ကုန်နေသူတွေရဲ့ တစ်နေ့တာအနွမ်းလျဆုံးအချိန်နဲ့ အိမ်ကိုအလွန်ပြန်ချင်တဲ့အချိန်ဟာ အလုပ်ဆင်းချိန်တစ်ဖြစ်လည်း ညနေအလုပ်ပြန်ချိန်တွေပါ။ ရန်ကုန်မြို့မှာ အများပြည်သူတွေ၊ အလုပ်သမားတွေရဲ့ အားအထားရဆုံး သယ်ယူပို့ဆောင်ရေးဟာ YBS ယာဉ်တွေဖြစ်ပါတယ်။ YBS ယာဉ်စီးနင်းသူခရီးသည်တွေ နေ့စဉ်တစ်သန်းခွဲခန့်ရှိပြီး ယာဉ်စီးရေ (၅၇၀၀) ခန့်နဲ့ နေ့စဉ်ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ အခြားအချိန်တွေမှာ ရန်ကုန်မြို့တွေရဲ့ လမ်းများဟာ ပိတ်ဆို့လေ့မရှ်ိပေမဲ့ အလုပ်သွား၊ အလုပ်ပြန်ချိန်တွေမှာ လမ်းပိတ်တာတွေရှိတတ်ပါတယ်။ အဲဒီလိုလမ်းပိတ်မှုတွေကြားမှာ မင်္ဂလာဈေး၊ ယုဇနပလာဇာတို့ကလာတဲ့ အများပြည်သူသုံးယာဉ်တွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး ကွန်တိန်ယာဉ်တွေရဲ့ဆုံချက် မဟာဗန္ဓုလတံတားအဆင်း(ဒေါပုံဘက်ခြမ်း)နေရာဟာ ပိုမိုလမ်းပိတ်ဆို့တာဖြစ်သလို စည်းကမ်းမဲ့ယာဉ်တွေကြောင့်လည်း ညနေအလုပ်ပြန်ချိန်များဟာ ပိုမိုကြာရှည်နေတာမို့ နိုဝင်ဘာ ၁၁ ရက်၊ ညနေပိုင်းမှာ လမ်းပိတ်နေတဲ့ မြင်ကွင်းများကို ဖော်ပြလိုက်ရပါတယ်။
