၁၀.၁၁.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ငါးဖမ်းလှေတစ်စင်းဟာ တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်ရဲ့ အနောက်တောင်ဘက် ၁၈၀ ကီလိုမီတာအကွာ Eocheong ကျွန်းအနီးမှာ နိုဝင်ဘာလ ၁၀ ရက်က တိမ်းမှောက်ခဲ့ပြီး စက်လှေပေါ်ပါ ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ လူ ၉ ဦး ပျောက်ဆုံးနေကြောင်း တောင်ကိုရီးယားအရာရှိတွေက ပြောကြား ခဲ့ကြပါတယ်။
အလေးချိန် ၉၉ တန်အလေးချိန်ရှိ စက်လှေဟာ Eocheong ကျွန်းရဲ့ အနောက်တောင်ဘက် ၁၅၀ ကီလိုမီတာခန့်အကွာမှာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၃ မိနစ် (၂၃၅၃ GMT နိုဝင်ဘာလ ၉ ရက်) မှာ တိမ်းမှောက်ခဲ့တယ်လို့ တရုတ်ကမ်းခြေစောင့်တပ်မှ အရေးပေါ်ဖုန်းခေါ်ဆိုမှုကို ကိုးကားပြီး ဂန်ဆန်ကမ်းခြေစောင့် တပ်က ပြောခဲ့ပါတယ်။
စက်လှေပေါ်မှာလူ ၁၁ ဦးပါတဲ့အနက် ၂ ဦးကို ဖြတ်သွားတဲ့ ကုန်တင်သင်္ဘောတစ်စင်းက ကယ်တင်ခဲ့ပြီး ၉ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

သင်္ဘောသားများကို ရှာဖွေဖို့ တောင်ကိုရီးယားကမ်းခြေစောင့်တပ်က ကင်းလှည့်သင်္ဘောလေးစင်းနဲ့ ရဟတ်ယာဉ်တွေကို အခင်းဖြစ်ပွားရာနေရာတို စေလွှတ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့တစ်ရက်အကြာကလည်း တရုတ်ငါးဖမ်းလှေတစ်စင်းဟာ တောင်ကိုံရီးယားနိုင်ငံ အနောက်တောင်ဘက်ရေပြင်မှာ တိမ်းမှောက်ခဲ့သေးပြီး တရုတ်သင်္ဘောသား ၂ ဦး သေဆုံးကာ ၃ ဦးမှာ ပျောက်ဆုံးနေရပါသေးတယ်။ ကျန်ရှိနေသော သင်္ဘောသား၆ ဦးကို အနီးနားရှိ သင်္ဘောတွေက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref- Yonhap News
