၈. ၁၁. ၂၀၂၅
Written by Nay Moe
ပြည်သူ့အလှူငွေနဲ့ အခွန်ဘဏ္ဍာရငွေ ခိုးဝှက်မှုတွေကြောင့် ဝေဖန်ခံနေရတဲ့ NUG ကို လှူဒါန်းထောက်ပံ့သူ လျော့ကျလာတာကြောင့် NUG ရဲ့ ကောင်းကြောင်းနဲ့ တပ်မတော်မကောင်းကြောင်းကို ဝါဒဖြန့်ဖို့ တည်ဆောင်လုပ်ဆောင်ခဲ့တဲ့ Radio NUG ကိုပါ ဘဏ္ဍာရေးအခက်အခဲကြောင့် မနေ့ကစ ထုတ်လွှင့်မှုရပ်ဆိုင်းလိုက်တယ်လို့ Radia NUG က အသိပေးပါတယ်။
NUG ရဲ့ ထိပ်ပိုင်းတာဝန်ယူထားသူ ဝန်ကြီးတွေ၊ CRPH အဖွဲ့ဝင်တွေ၊ PDF ထောက်ပို့တွေ၊ PDF နဲ့ ပသုံးလုံးခေါင်းဆောင်တွေ၊ တော်လှန်ရေးကိုပံ့ပိုးမယ်ဆိုပြီး ရန်ပုံငွေရှာခဲ့ကြတဲ့ အနုပညာရှင်အမည်ခံပြည်ပရောက်ထောက်ပို့တွေဟာ ပြည်သူ့အလှူငွေကိုခိုးဝှက်ပြီး ကိုယ်ကျိုးအတွက် နေအိမ်တွေဝယ်၊ လုပ်ငန်းတွေတည်ထောင် လုပ်ဆောင်နေတာကို ဒီလိုမျိုး ခိုးခွင့်မရသူတွေကပဲ ဖော်ကောင်လုပ်ကြတာနဲ့ ဒီလိုခိုးနေတယ်လို့ စွပ်စွဲတာကို အရေးမယူတာကြောင့်ဘဲ ပြည်သူတွေက တော်လှန်ရေးကို လှူဒါန်းမှုလျော့ကျလာသလို အမေရိကန်ကလည်း USAID ဖျက်သိမ်းပြီး တစ်နှစ်ဒေါ်လာ သန်း ၂၀၀ ကျော် သန်း ၃၀၀ ပေးနေမှု ဖြတ်တောက်လိုက်တာ၊ တစ်နှစ်တစ်နှစ်ကို ဒေါ်လာ သန်း ၄၀ လောက် ထောက်ပံ့နေတဲ့ ဆွီဒင်ကလည်း သူထောက်ပံ့တာ အကျိုးမဖြစ်ဘဲ ခိုးကြဝှက်ကြတာကြောင့် အခြေအနေတိုးတက်မလာလို့ တော်လှန်ရေးအမည်ခံအဖွဲ့တွေဆီ စီးဆင်းနေတဲ့ ဘတ်ဂျက်တွေဖြတ်တောက်လိုက်တာကြောင့် ၂၀၂၁ ခုနှစ် ဩဂုတ်လကစ NUG အတွက် ဝါဒဖြန့်နေတဲ့ Radio NUG မှာ ဘတ်ဂျက်ပြတ်တောက်သွားပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်ကစ ရပ်ဆိုင်းလိုက်တာပါ။

NUG ရဲ့ PDF တွေဟာ ကျွဲ၊ နွားကအစ ဆက်ကြေးသိန်းချီကောက်တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း အခွန် ကျပ် ၅၈၀ ဘီလျံကျော်အပြင် ရွှေစင် ၁၇ ပိဿာခန့်ပါ ရရှိခဲ့တယ်လို့ NUG ရဲ့ “စိုးမိုးထိန်းချုပ်နယ်မြေများတွင် အခွန်ဘဏ္ဍာရရှိမှု အခြေအနေ”ဖော်ပြချက်အရ သိရပြီး NUG အနေနဲ့ နယ်မြေလုယက်စိုးမိုးထားနိုင်တဲ့ဒေသတွေက သစ်တော/ပတ်ဝန်းကျင်ကဏ္ဍ၊ သတ္တု/ကျောက်မျက်ကဏ္ဍတို့ကနေ တရားမဝင်သယံဇာတများစွာ ခိုးထုတ်တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း ရရှိတဲ့ လေလံ၊ ဒဏ်ကြေးငွေ စုစုပေါင်းဟာ ကျပ်သန်းပေါင်း ၄၇၂,၁၄၁ ဒသမ ၃၃၀၃ နဲ့ ရွှေစင် ၁၆ ဒသမ ၉၄ ပိဿာရှိတဲ့အပြင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေတယ်ဆိုတဲ့ ဒေသတွေမှာ ကျွဲ/နွား အခွန်ဘဏ္ဍာကောက်ခံခဲ့တာက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ စုစုပေါင်း ၃,၃၄၉,၄၂၅,၀၀၀ ကျပ်ကို ကောက်ခံနိုင်ခဲ့သလို စွမ်းအင်ကဏ္ဍ၊ ရေနံနဲ့ ရေနံထွက်ပစ္စည်း လုပ်ငန်းတွေကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အခွန် စုစုပေါင်းကျပ် ၁၀၀ ဘီလျံကျော် ရရှိထားတယ်လို့လည်း NUG က ပြောပေမဲ့ ဒီလို ဘီလျံရာချီရနေတဲ့ပမာဏတွေအတွက် အသေးစိတ်စာရင်း ထုတ်ပြန်ရှင်းလင်းနိုင်ခြင်းမရှိသလို တော်လှန်ရေးအမည်ခံပြီး ခိုးနေကြတဲ့ ပြယုဂ်အဖြစ်လည်း ကိုယ့်အတွက် ဝါဒဖြန့်ပေးနေတဲ့ Radio NUG ကိုပါ ဘဏ္ဍာငွေမရှိတော့ဘူးဆိုပြီး ထုတ်လွှင့်မှု ရပ်ဆိုင်းလိုက်ရတဲ့ အခြေအနေဖြစ်လာတာပါ။

