နေမိုး
၈. ၁၁. ၂၀၂၅
သရက် – ကံမကားလမ်းအတိုင်း မောင်းနှင်လာသည့် သာမန်ပြည်သူ၏ အိမ်စီးကားကို PDF များက မိုင်းဆွဲတိုက်ခိုက်ပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ကာ ကားကို မီးရှို့သဖြင့် လိုက်ပါလာသူနှစ်ဦးစလုံး မီးလောင်သေဆုံးသွားခဲ့ကြရှာသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ရွှေဘုံသာရပ်ကွက်နေ ဦးခင်မောင်မြင့်(၅၈)နှစ်သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နေ ဦးကျော်လွင်(၄၅)နှစ်နှင့်အတူ ရွှေဘုံသာရပ်ကွက်မှ ရန်ကုန်မြို့သို့ သရက်-ကံမကားလမ်းအတိုင်း မော်တော်ယာဉ် တစ်စီးဖြင့် မောင်းနှင်ထွက်ခွာလာစဉ် ပါးပွတ်ကျေးရွာအနီးအရောက်၌ NUG ၏ ဩဇာခံ PDF များမှ မော်တော်ယာဉ်အား မိုင်းဆွဲတိုက်ခိုက်၍ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မီးလောင်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး မော်တော်ယာဉ်မှာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် သံဃာတော်အပါး ၁၀၀ ကျော်၊ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစက(စကမ)ယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။

