၈.၁၁.၂၀၂၅
Written By Thandar
Hein Production က အခြေခံလူတန်းစားဇာတ်ကို အခြေခံရိုက်ကူးထားတဲ့ ရိုမန့်ဇာတ်လမ်းပုံစံ “ချစ်သူ့စေရာ” ရုပ်ရှင်ဇာတ်ကားကြီး Couple Show ပွဲကို နိုဝင်ဘာ ၇ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ချစ်သူ့စေရာက ဒီကားလေးကို သဘာဝအချစ်ဇာတ်လမ်းလေးနဲ့ အနီးစပ်ဆုံးရိုက်ချင်ခဲ့တာမို့ ကျွန်တော့်အနေနဲ့ ဇာတ်ပို့ဇာတ်ရံတွေ အများကြီးမပါဘဲနဲ့ နှစ်ယောက်တည်းရိုက်ကူးခဲ့ကြတာပါ။ တကယ်တော့ ဒါ စွန့်စားရာကျတယ် ပြောလို့လည်းရပါတယ်။ ရန်ကုန်မြို့ပြကြီးမှာ ကြိုးစားရုန်းကန်နေကြတဲ့ အခြေခံလူတန်းစားအတွဲလေးရဲ့ အလွမ်းအဆွေး Romance ကားလေးပါ။ မပွင့်ကလည်း သေချာလေးပုံဖော်ပေးထားပါတယ်”လို့ သရုပ်ဆောင်တိုင်ရွန်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ဇာတ်ကားမှာပါဝင်ထားတဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ တိုင်ရွှန်၊ နှင်းတို့တက်ရောက်ခဲ့ပြီးတော့ သရုပ်ဆောင် အောင်ရေချမ်းတို့စုံတွဲ၊ မိတ်ကပ်ထက်ထက်တို့စုံတွဲ၊ ဒါရိုက်တာ အာကာစိုးနဲ့ လီလီကျော်ခိုင်တို့အတွဲ၊ ဟန်နာတို့စုံတွဲ၊ အောင်ပိုင်နဲ့ ခိုင်သဇင်ငုဝါတို့စုံတွဲ၊ နက္ခတ်တို့မိသားစု၊ ကျော်ထက်တို့မိသားစု စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီဇာတ်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို အေးကြည်သာဟန်၊ ဒါရိုက်တာ ပွင့်သိင်္ဂီဇော် (အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ ပိုးမမှီသာ၊ ဝင်းခန့်မိုး၊ အကယ်ဒမီ မေသန်းနု၊ နှင်း၊ ဇော်ဇော်အောင်၊ ရန်ပြေ(ကျော်ကြီး)၊ မိုရီဝိုင်း၊ သျှင်ဖုန်းနွယ်၊ သက်သက်ဦးဇင်စတဲ့သူတွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။
“ချစ်သူ့စေရာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#Tyron #PoeMamheThar #MayThanNu #WinKhantMoe #Hnin #ချစ်သူ့စေရာရုပ်ရှင်ဇာတ်ကားကြီး #heinproduction









