၅.၁၁.၂၀၂၅
Written By Thandar
အနုပညာပိုင်းမှာ ကာရိုက်တာမျိုးစုံပီပြင်အောင် လုပ်ဆောင်နိုင်မှုကြောင့် ပရိသတ်ချစ်ခင်မှုများစွာ အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့ မိသားစုကတော့ တန်ဆောင်မုန်းလရဲ့ ကထိန်ခင်းတဲ့ ကထိန်အလှူကို မော်လမြိုင်မြို့က အောင်ဇမ္ဗူတောရ ကျောင်းတိုက်မှာ ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပါတယ်။
“ဒီနှစ် တန်ဆောင်မုန်းလရဲ့ အမှတ်တရလေးကတော့ ကစ်ဘဝမှာ အမြဲလှူချင်ခဲ့တဲ့ ကထိန်ခင်းတဲ့ ကထိန်အလှူ ဒါယိကာအဖြစ် ဖြစ်ခွင့်ရခဲ့တာပါပဲ။ မော်လမြိုင်မြို့က အောင်ဇမ္ဗူကျောင်းတိုက်မှာ နှစ်ဖက်သော မိဘတွေကို အမှူးထားပြီးတော့ သံဃာတော်တွေ သီလရှင်တွေနဲ့ ကျောင်းသားကျောင်းသူတွေကိုပါ လှူဒါန်းခဲ့ပါတယ်။ စတုဒိသာအလှူလေးတွေလည်း လုပ်ခဲ့ပါတယ်။ အားလုံးလည်း ဒီ မင်္ဂလာရှိတဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ လိုအင်ဆန္ဒများပြည့်ဝပြီး ကျန်းမာချမ်းသာကြပါစေ။ ပြုခဲ့သောကထိန်ကုသိုလ်အစုစုတိုကိုလည်း ခုနစ်ရက် သားသမီးအပေါင်း ထပ်တူရကြပါစေရှင်”လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပရိသတ်သိအောင်ပြောလာပါတယ်။
အဆိုပါအလှူကို ခင်ပွန်းဖြစ်သူ နိုင်ဖြိုးကျော်၊ မင်းသမီးဝတ်မှုန်ရွှေရည်တို့ကတော့ ကျေးဇူးတော်ရှင် အောင်ဇမ္ဗူ ဘုန်းဘုန်းနဲ့ နှစ်ဖက်သောမိဘတွေ အမှူးထားပြီး မော်လမြိုင်မြို့၊ အောင်ဇမ္ဗူတောရ ကျောင်းတိုက်ကြီးမှာ သံဃာတော်တွေ သီလရှင်ဆရာကြီးဆရာလေးတွေ အပါး ၁၀၀၀ ကျော်ကို ကထိန်အလှူတော်လှူဒါန်းခဲ့ပါတယ်။
ဒါ့ပြင် ကျောင်းသားလေးတွေအတွက် ကျောင်းဝတ်စုံတွေနဲ့ စာရေးကိရိယာတွေလှူဒါန်းခြင်း၊ မော်လမြိုင်မြို့အတွင်းရှိ လိုအပ်နေသူတွေကို ဆန်တွေဝေငှလှူဒါန်းပေးခဲ့ပြီးတော့ စတုဒီသာအလှူကိုပါ လှူဒါန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
#နိုင်ဖြိုးကျော် #ဝတ်မှုန်ရွှေရည် #အောင်ဇမ္ဗူတောရကျောင်းတိုက် #NaingPhyoKyaw #WuttHmoneShweYi #MyanmarActress #တန်ဆောင်မုန်းလအလှူ














