
၄.၁၁.၂၀၂၅.
Translated by Htwe Ko Tun
နီပေါနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ဟိမဝန္တာတောင် တန်းရဲ့ တောင်ထိပ်တစ်ခုမှာ နှင်းထုပြိုကျခဲ့တာမှာနိုင်ငံခြားသားငါးဦးနဲ့ နီပေါနိုင်ငံသားနှစ်ဦး အပါအဝင် အနည်းဆုံးတောင်တက်သမား ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့ လေ့လာရေးအေဂျင်စီ Seven Summit Treks မှ ပြောကြားခဲ့ပါတယ်။
ထိုအဖြစ်အပျက်က နိုဝင်ဘာလ ၃ ရက်၊ ဒေသစံတော်ချိန် နံနက် ၉ နာရီ၊ GMT (၀၃း၁၅ နာရီ) မှာ ဒိုလာကာခရိုင်အတွင်း ယာလွန်ရီတောင်ရဲ့ အခြေစိုက်စခန်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေက တောင်တက်သမားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ငါးဦးရဲ့အလောင်းတွေကတော့ နှင်းထုတွေအောက်မှာ မြုပ်နေတယ်လို့ ယုံကြည်ရတယ်လို့ ဆိုကြပါတယ်။ အခြားငါးဦးကတော့ မစိုးရိမ်ရ ဒဏ်ရာတွေနဲ့ အခြေစိုက်စခန်းသို့ ပြန်လာနိုင်ခဲ့ကြပါတယ်။
အဆိုပါ တောင်တက်သမားတွေအားလုံးဟာ နှင်းပြိုကျမှု မဖြစ်ပွားမီ တစ်နာရီကျော်အလိုမှာ စခန်းကနေထွက်ခွာသွားတဲ့အဖွဲရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြ
တယ်ဆိုတာ ခရိုင်ရဲမှူးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။
သေဆုံးသွားတဲ့ အခြားတောင်တက်သမားငါးဦးရဲ့ ရုပ်အလောင်းတွေက ၁၀ ပေမှ ၁၅ ပေအထိ မြင့်
တဲ့ နှင်းထုအောက်မှာ ရှိနေနိုင်တယ်လို့လည်း Seven Summit Treks ဥက္ကဋ္ဌ မင်းမာ ရှာပါက ပြောခဲ့ပါ တယ်။ သူက “သူတို့ကိုရှာဖို့ အချိန်ယူရလိမ့်မယ်။” လို့ဆိုခဲ့ပါသေးတယ်။
သေဆုံးသူတွေမှာ အီတလီနိုင်ငံသား နှစ်ဦး၊ ကနေဒါနိုင်ငံသားတစ်ဦး၊ ဂျာမန်နိုင်ငံသားတစ်ဦး၊ ပြင်သစ်နိုင်ငံသားတစ်ဦးနဲ့ နီပေါနိုင်ငံသား နှစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
Ref . bbc
