၁. ၁၁. ၂၀၂၅
Photo By Nay Yaung Lin

၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ကာလအတန်ကြာ မပြုလုပ်နိုင်ခဲ့သည့် တန်ဆောင်တိုင်ကာလ ရန်ကုန်မြို့၏ နာမည်ကျော် လမ်းမတော်မြို့နယ်ပွဲဈေး(တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်)ကို ယနေ့(နိုဝင်ဘာ ၁ ရက်)တွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

လမ်းမတော်မြို့နယ်ပွဲဈေးကို အနော်ရထာလမ်းပေါ်တွင် ခင်းကျင်းထားကာ လမ်းမတော်လမ်းမှ လမ်းသစ်လမ်းအထိ ပွဲဈေးလျှောက်နိုင်မည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်အထိ ငါးရက်ကြာပြုလုပ်သွားမည်ဖြစ်သည်။

ကိုဗစ်ရောဂါစတင်သည့် ၂၀၂၀ ပြည့်နှစ်ကစတင်ပြီး ရပ်နားထားသည့် လမ်းမတော်ပွဲဈေးကို ၂၀၂၄ ဒီဇင်ဘာလတွင် လွတ်လပ်ရေးနေ့အကြို ပြန်လည်ပြုလုပ်ခဲ့ပြီးနောက် ပုံမှန်အတိုင်း အစည်ကားဆုံး ပြန်လည် ကျင်းပနိုင်ခြင်းလည်း ဖြစ်သည်။

