နေမိုး
၂၈. ၁၀. ၂၀၂၅
ရွေးကောက်ပွဲကို ထောက်ခံမဲဆွယ်မှုကြောင့် နေတိုးအပါအဝင် အနုပညာရှင် ၁၇ ယောက်ကို သတ်ဖြတ်ရှင်းလင်းမည်ဟု NUG ၏ ရန်ကုန် PDF ငါးဖွဲ့က ယခုညတွင် ခြိမ်းခြောက်စာ ထုတ်ပြန်လာသည်။

NUG နှင့် PDF ထောက်ခံသော Exile မီဒီယာများတွင် ခြိမ်းခြောက်စာထုတ်သည့် PDF များက နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ အောင်တိုး၊ နိုင်လင်း၊ သွက်လတ်၊ စူပါလင်း ၊ မင်းညို ၊ ဥက္ကာပျံရီ ၊ ရဲရင့် ၊ ရောပျော် ၊ အောင်ဇင်ဖြိုး စသည့် အနုပညာရှင်များအား Boycott & Social punishment ပြင်းပြင်းထန်ထန် လူမှုရေးပြစ်ဒဏ်ခတ်ကြရန်နှင့် တွေ့သည့်နေရာ ရှင်းလင်းပစ်မည်ဟု ခြိမ်းခြောက်ထားသည်။
အဆိုပါ အနုပညာရှင် ၁၇ ယောက်ကို သတ်ဖြတ်မည့်အစီအစဥ်ကို လုပ်ဆောင်မည့် PDF အဖွဲ့များမှာ Yangon Army၊ Dark Shadow၊ Operation Flame (OF) ၊ Mother Son Yangon Force နှင့် Broken System စသည့် PDF ငါးဖွဲ့ဖြစ်ပြီး ထိုသို့သတ်ဖြတ်မည့် ကြံရွယ်ချက်ကို ပြည်သူလုထု တရားစီရင်ခန်းအဖြစ်သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် စတင် အရေးယူမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်ဟုလည်း ခြိမ်းခြောက်ထားသည်။

NUG ၏ PDF များက ယင်းတို့ကို မထောက်ခံမှုကြောင့် ရဟန်းရှင်လူပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း ၁၀၀၀၀ ခန့် သတ်ဖြတ်ထားပြီး အဆိုပါ သတ်ဖြတ်ခံပြည်သူများထဲတွင် လက်နက်မဲ့အနုပညာရှင် Myanmar Idol အဆိုတော် ဇင်ကြီးနှင့် လီလီနိုင်ကျော်တို့လည်း ပါဝင်သွားခဲ့ရရှာသည်။ ထို့အပြင် ဝါရင့်အကယ်ဒမီများရှင် ရန်အောင်နှင့် အဆိုတော်သရုပ်ဆောင်ယုန်လေးကိုလည်း NUG ၏ PDF များက ဗုံးခွဲတိုက်ခိုက်ခဲ့ကြသည်။

