၂၇.၁၀.၂၀၂၅
Written By Thandar
Verden Production က Horror ဇာတ်လမ်းပုံစံ “ အိမ်နံပါတ် က/၉” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၈ နာရီခွဲက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံဘုရားမှာကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေကိုလည်း အများကြီးသုံးထားပါတယ်။ သရုပ်ဆောင်တွေ အကုန်လုံးက တစ်ယောက်ဆီမှာ လုပ်ကွက်လေးတွေရမယ့် ဇာတ်ပါ။ အားလုံးက သူ့နေရာနဲ့သူ မပါမဖြစ်ကို ပါဝင်ရမယ့် ဇာတ်ကောင်တွေအနေနဲ့ ပါဝင်ထားပါတယ်။ သေချာလေး ထိတ်လန့်ခြောက်ခြားစရာ သရဲကားပေါ့နော်။ သရဲကားကိုမှ ကြောက်ရမယ့်အခန်းတွေများမယ်။ ကြည့်ရတဲ့သူတွေက အသက်ရှုကြပ်တဲ့အထိ ဖန်တီးထားဖို့ ၁၀၀ ရာခိုင်နှုန်းပြောနိုင်ပါတယ်”လို့ ဒါရိုက်တာ မင်းစနေက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို စီစဉ်သူ ထက်အောင်ကျော်၊ ဇာတ်လမ်း မင်းယု၊ မေသူထွန်း၊ ဇာတ်ညွှန်းမေသူထွန်းက ရေးသားပြီးတော့ ဒါရိုက်တာ မင်းစနေက ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ နေထွဋ်၊ နက္ခတ်၊ ဇော်ရှိုင်းထက်၊ မင်းသူ၊ မေသူထွန်း၊ နှင်း၊ ဟန်နာ၊ မိုးကောင်းကင် စတဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာလည်းဖြစ်ပါတယ်။
“ဒီကားက ဟန်နာ့အတွက်လည်း စိန်ခေါ်မှုများတဲ့ ဇာတ်ကောင်လို့လည်း ပြောလို့ရပါတယ်။ မဥ္ဇူရီ ကာရိုက်တာမို့ ကြိုဆင်ပြင်ဆင်မှုတွေလည်း ခုထဲက အများကြီးလုပ်ထားပါတယ်။ ကိုယ့်အတွက် သေချာလေး စိစစ်တတ်တဲ့သူဆိုတော့ စိတ်ကလည်းအကျင့်ပါနေတာဆိုတော့လေ။ ပရိသတ်တွေအကြိုက်တွေ့စေမှာပါ ”လို့ သရုပ်ဆောင် ဟန်နာက ပြောပါတယ်။
#နေထွဋ် #ဇော်ရှိုင်းထက် #မေသူထွန်း #ဒါရိုက်တာမင်းစနေ #နက္ခတ် #ဟန်နာ #NayHtut #MayThuTun #ZawShineHtet #HanNa #အိမ်နံပါတ်က၉ရုပ်ရှင်ဇာတ်ကားကြီး #VERDENProduction









