၂၅.၁၀.၂၀၂၅
Translated by Htwe Ko Tun
မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ပါတီစုံရွေးကောက်ပွဲကို အာဆီယံအနေနဲ့ တားဆီးလို့ ရနိုင်မှာမဟုတ်ဘဲ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာနိုင်ငံရွေးကောက်ပွဲကို တရားမျှတမှုရှိဖို့နဲ့ အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်စေဖို့သာ လိုလားပါတယ်လို့ အောက်တိုဘာလ ၂၄ ရက်က ပြောကြားခဲ့ပါတယ်။
မိုဟာမက် ဟာဆန်က “လာမယ့် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ မျှတမှုရှိဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အားလုံးပါဝင်ကြစေဖို့ကိုပဲ အာဆီယံအနေနဲ့ လိုလားပါတယ်”လို့ ပြောခဲ့ပါတယ်။
သူက “အာဆီယံရဲ့ ငြိမ်းချမ်းရေးအတွက် လေးနှစ်ကြာပြီဖြစ်တဲ့ အစီအစဉ်ကလည်း တကယ်တော့ အကောင်အထည်ဖော်ဖို့ မခက်ခဲပါဘူး။ မြန်မာအစိုးရက ခိုင်ခိုင်မာလိုက်နာစောင့်ထိန်းပြီး လူသားချင်းစာနာမှုအထောက်အပံ့တွေကို ဖြန့်ချိပေးဖို့ပါ” လို့ ထပ်လောင်းပြောခဲ့ပါတယ်။
အောက်တိုဘာလ ၂၆ ရက်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေက ဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။
Ref- Reuters
