၂၄. ၁၀. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၏ ခရီးသွားဝင်ရောက်မှုအများဆုံးဒေသဖြစ်သော ဖူးခတ်ရှိ လူသွားလူလာများသော ခရီးသွားလမ်းမပေါ် ရပ်ထားသည့် ဆိုင်ကယ်ပေါ်၌ ထိုင်းဆယ်ကျော်သက် စုံတွဲတစ်တွဲက မဖွယ်မရာ လိင်ဆက်ဆံမှု ပြုမူနေသည်ကို ရိုက်ကူးထုတ်လွှင့်ခံရပြီးနောက် ဒေသခံလူအများကြား ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်အပေါ် လမ်းသွားလမ်းလာတစ်ဦးက ဆယ်ကျော်သက်စုံတွဲသည် ရပ်ထားသည့် ဆိုင်ကယ်ပေါ်၌ အချစ်ဇာတ်လမ်းဆင်နေသည်ကို မှတ်တမ်းတင်ပြီးနောက် မျှဝေခဲ့ရာ လျင်မြန်စွာပင် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
နောက်ပိုင်းတွင် အွန်လိုင်း၌ မျှဝေခဲ့သော ထိုဗီဒီယိုဖိုင်အတွင်း ကောင်မလေးသည် ဆိုင်ကယ်ပေါ်၌ ပက်လက်လှန် လဲလျောင်းနေပြီး ကောင်လေးက သူမကို ခွလျက်သား နေရာယူထားပြီး လိင်ဆက်ဆံနေသည်ကို တွေ့ခဲ့ရရာ ထိုအပြုအမူမှာလမ်းသွားလမ်းလာများ သို့မဟုတ် လူအများရှေ့ အရှက်မဲ့သော၊ ဣန္ဒြေသိက္ခာကို ဂရုမစိုက်သောပုံ ပေါ်လွင်နေခဲ့သည်။
ဗီဒီယိုဖိုင်နှင့်အတူ ပါရှိသော စာသားတွင် ”လူငယ်စုံတွဲတစ်တွဲဟာ လူအများသွားလာနေတဲ့ လမ်းမဘေးမှာ သူတို့ဆိုင်ကယ်ကို ရပ်ပြီး စိတ်လိုလက်ရဖြစ်တဲ့ အချစ်ဇာတ်လမ်းကို စတင်ခဲ့ပါတယ်။ အမျိုးသမီးလေးက ထိုင်ခုံပေါ်မှာ ပက်လက်လှန်နေပြီး အမျိုးသားလေးကတော့အရှက်အကြောက်မရှိဘဲ သူမကို ခွထားပါတယ်။ ဒီဖြစ်ရပ်ဟာ ရာဝေရှိ Laem Phromthep ကိုသွားတဲ့ လမ်းအနီးမှာ ဖြစ်ပွားခဲ့တာပါ။ သတိပေးစကား- သက်သတ်လွတ်ပွဲတော်ကာလမှာ ဒါမျိုး မလုပ်ကြပါနဲ့ “ဟု ရေးသားထားသည်။
ထိုင်းဆယ်ကျော်သက်စုံတွဲ ဆိုင်ကယ်ပေါ် လိင်ဆက်ဆံမှုပြုခဲ့သော ထိုနေရာသည် ဖူးခတ်မူအန်းခရိုင်၊ ရာဝေမြိုနယ်ခွဲရှိ နာမည်ကျော် Sunset ကြည့်ရာ Laem Phromthep သို့သွားရာ လမ်းတစ်လျှောက်တွင် တည်ရှိပြီး ထိုင်းနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ နှစ်သက်သော ထင်ရှားသည့် ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်သည်။ လူအများ မြင်နိုင်သော ထင်ရှားသည့်နေရာတွင် ထိုင်းလူငယ်စုံတွဲ၏ လိင်ဆက်ဆံသည့် အပြုအမူကို မြင်တွေ့ရခြင်းက ဒေသခံများနှင့် အင်တာနက်အသုံးပြုသူများအကြား စိတ်ဆိုးဒေါသထွက်မှုကို ဖြစ်ပွားစေခဲ့ပြီး အများစုက ရဲများကို ၎င်းတို့နှစ်ဦးအား ခြေရာခံပြီး လူအများရှေ့မဖွယ်မရာ ပြုမူမှုဖြင့် တရားစွဲဆိုရန် တောင်းဆိုနေကြသည်။
”ဒါက မသင့်လျော်ရုံတင်မကဘူး၊ ဥပဒေနဲ့ပါ ငြိစွန်းတယ်။ ဘာမှမလုပ်ဘူးဆိုရင် တခြားသူတွေကလည်း ဒါကို လက်ခံနိုင်တဲ့ အပြုအမူလို့ ထင်သွားနိုင်တယ်” ဟု တစ်ဦးက မှတ်ချက်ပေးခဲ့သည်။
ဆိုရှယ်မီဒီယာပလက်ဖောင်းများတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားသည့် ထိုဗီဒီယိုဖိုင်သည် ယနေ့ခေတ် လူငယ်များ၏ အပြုအမူနှင့် လူမှုစံနှုန်းများ၊ ဥပဒေပိုင်းဆိုင်ရာ အကန့်အသတ်များကို ပေါ်လွင်စွာ လျစ်လျူရှုမှုနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်သော စိုးရိမ်မှုများကို ဖြစ်စေခဲ့သည်။ ဝေဖန်သူများက ထိုဖြစ်ရပ်သည် နောက်ဆက်တွဲ အကျိုးဆက်များကို မကြောက်ဘဲ လူအများ၏ အာရုံစိုက်မှုရရှိအောင် လုပ်ဆောင်သော အလေ့အထတစ်ခု ကြီးထွားလာနေခြင်းကို ရောင်ပြန်ဟပ်သည်ဟု ထောက်ပြကြသည်။
Channel 7 သတင်းဌာန၏ ဖော်ပြချက်အရ ဖူးခတ်ရှိ အာဏာပိုင်များက တရားဝင် ထုတ်ပြန်ချက်ကို ထုတ်ပြန်ရန် မရှိသေးသော်လည်း ဒေသခံခေါင်းဆောင်များက ဗီဒီယိုဖိုင်ကို ပြန်လည်သုံးသပ်ပြီး ဥပဒေအရ အရေးယူရန် စဉ်းစားနေကြောင်း သိရသည်။
ထိုနည်းတူ ဖြစ်ပွားသည့် အခြားဖြစ်ရပ်တစ်ခုတွင်လည်း ဓာတ်ဆီဆိုင်တစ်ခုရှိ မသန်စွမ်းသူများအတွက် အသုံးပြုရန် အိမ်သာခန်းအတွင်း လိင်ဆက်ဆံမှုများ ပြုလုပ်နေသော စုံတွဲတစ်တွဲ၏ ဗီဒီယိုဖိုင်ကို ထိုင်း TikTok အသုံးပြုသူတစ်ဦးက မျှဝေပြီးနောက် လူအများ စိတ်ဝင်စားမှု ရခဲ့သည်။
အောက်တိုဘာလ ၇ ရက်နေ့က ထိုအိမ်သာအတွင်း လိင်ဆက်ဆံနေသော ညစ်ညမ်း ဗီဒီယိုဖိုင် လေးခုကို တင်ခဲ့ရာ အချို့ကို ပလက်ဖောင်း၏ စည်းမျဉ်းများ ချိုးဖောက်ခြင်းကြောင့် နောက်ပိုင်းတွင် ဖယ်ရှားခံခဲ့ရသည်။ မီးရောင်ကောင်းကောင်းလင်းနေသော အိမ်သာသည် ၎င်းတို့၏ လိင်ဆက်ဆံမှု လုပ်ဆောင်ချက်များကို အပြင်မှနေ၍ ရှင်းရှင်းလင်းလင်း မြင်သာစေခဲ့သည်။ ထိုစုံတွဲကိုလည်း စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုက်တွန်းမှုများရှိခဲ့သော်လည်း ယနေ့အထိ မဖော်ထုတ်နိုင်သေးချေ။
Ref, The Thaiger
