၂၄.၁၀.၂၀၂၅
Written By Thandar
လျှို့ဝှက်ဆန်းကြယ်မှုများစွာနဲ့ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် “ရင်း” ဇာတ်လမ်းတွဲမှာ ဝေဖြိုးဆိုတဲ့ အစ်ကိုတစ်ယောက်အနေနဲ့ ညီမလေးအတွက် ချစ်ခြင်းမေတ္တာကို ရင်းနှီးဖော်ညွှန်းပြီး သရုပ်ဆောင်ထားတယ်လို့ သရုပ်ဆောင်မင်းဘုန်းမြတ်ကဆိုပါတယ်။
“ရင်းဆိုတဲ့ ဇာတ်လမ်းတွဲက Crime၊ Drama၊ Suspense ဇာတ်လမ်းပုံစံဆိုတော့ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ကျွန်တော်က ဒီဇာတ်လမ်းတွဲမှာ ဝေဖြိုးဆိုတဲ့ ညီမလေးကို စောင့်ရှောက်သူပေါ့နော်။ ညီမလေးအတွက်ဆိုရင် အစ်ကိုတစ်ယောက်လိုရော၊ ဖခင်တစ်ယောက်လိုပါ ကာကွယ်စောင့်ရှောက်ပေးပြီးတော့ အရာရာဖြည့်ဆည်းပေးတဲ့ ဝေဖြိုးကာရိုက်တာနဲ့ အကောင်းဆုံး ကြိုးစားထားပါတယ်။ ရင်းဆိုတဲ့အတိုင်း အစ်ကိုတစ်ယောက်၊ ညီမလေးတစ်ယောက်ကို ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့သဘောနဲ့ အရာရာရင်းလိုက်တာပါ ”လို့ သရုပ်ဆောင် မင်းဘုန်းမြတ်က ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မောင်သစ္စာနဲ့ ရန်နိုင်ထွန်း၊ ဒါရိုက်တာ ရဲရင့်သစ္စာက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ မင်းဘုန်းမြတ်၊ မင်းတော်ဝင်၊ ကျော်ဇင်မင်းမြတ်၊ ကျော်ဇင်ထွဋ်၊ မော်ကွန်းသစ်၊ ထူးမြတ်ပိုင်၊ ဆက်ထူးသစ်၊ Albert ပိုင်၊ ဆုထက်ထက်ကျော်၊ ဩမြတ်ခင်၊ မေခွန်အား၊ မေရီမောင်၊ ဇော်ဝင်းမောင်၊ ဆက်ထူးသစ်၊ လင်းမြတ်၊ ယွန်းဝတီလှိုင်၊ AD ဦး၊ IV မေ၊ ဘုန်းခန့်လင်းနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။
အပိုင်း ၁၂ တွဲပါဝင်တဲ့ Crime၊ Drama၊ Suspense ဇာတ်လမ်းပုံစံ “ရင်း” ဇာတ်လမ်းတွဲကို မနက်ဖြန် အောက်တိုဘာ ၂၅ ရက်နေ့က စတင်ပြီး စနေနဲ့ တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှာ Hey Play Application နဲ့ Hey Play YouTube Channel ပြသမှာဖြစ်သလို Fortune TV ရုပ်သံလိုင်းမှာ စနေနဲ့ တနင်္ဂနွေနေ့အပတ်စဉ် ည ၈ နာရီခွဲတိုင်းမှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
#MinPhoneMyat #MinTawWin #KyawZinMinMyat #MawKhonThit #SuHtetHtetKyaw #AwMyatKhin
HEYPlay #HEYPlayနဲ့ကြည့်မယ် #FortuneTV #ရင်းဇာတ်လမ်းတွဲ



