၂၃.၁၀.၂၀၂၅
Written By Thandar
မိသားစု ဒရာမာဇာတ်လမ်းပုံစံ “မြူနှင်းတို့ ထာဝရဝေ” ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ St.John City Mall ရှိ JCGV Cinema မှာ ကျင်းပခဲ့ပါတယ်။
“ယမုံကတော့ မြူနှင်းတို့ ထာဝရဝေ ဇာတ်လမ်းတွဲက ဝတ္ထုဆရာမ ကလျာ (ဝိဇ္ဇာ/သိပ္ပံ)ရဲ့ နာမည်ကြီး စာအုပ်လေးဖြစ်တယ်။ ရှေ့မှာလည်း ဒီဇာတ်ကိုပုံဖော်ခဲ့ဖူးသူတွေရှိခဲ့တယ်။ ခုပြန်ပြီးတော့ ယမုံက ဆောင်းနှင်းဖြူ@Snow White ဆိုတဲ့ ကာရိုက်တာလေးနဲ့ပါဝင်ထားပါတယ်။ Snow White လေးက ငယ်ငယ်ကလေးထဲက သနားစရာလေးပေါ့။ ခုလည်း ထုတ်လွှင့်နေတာဆိုရင် ၄ ပိုင်းလောက်ရှိနေပါပြီ။ နောက်ပိုင်းဇာတ်ရဲ့ ဇာတ်ရှိန်တွေတက်လာမှာမို့ အားပေးပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် ယမုံမြင့်မြတ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားမိတ်ဆက်ပွဲကို ပါဝင်သရုပ်ဆောင်ထားကြတဲ့ ရှင်မွေလ၊ ဘုန်းရှိန်ခန့်၊ ယမုံမြင့်မြတ်၊ သံစဉ်ဆည်းဆာ၊ အဲဝေသာ၊ ဟန်ထက်စံ၊ မှူးသီဟသူ၊ မင်းမြတ်သုခ၊ နေဝန်း၊ စိုးစံအကယ်ဒမီရဲအောင်၊ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီဝါဝါအောင်၊ ဂွမ်းပုံကြီး၊ ဇင်မျိုး၊ ကလေးသရုပ်ဆောင် သွန်းနေလ၊ ဆုရတနာထိုက်၊ နန်းမေမြတ်နိုးစတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။






ဒီကားကို ဝတ္ထု ကလျာ(ဝိဇ္ဇာ/သိပ္ပံ)၊ ဇာတ်ညွှန်း ကျော်ကျော်ထွန်းနဲ့ ကျော်ရာဇာကို ဒါရိုက်တာ ကိုကိုဝင်းက သရုပ်ဆောင်တွေ ရှင်မွေလ၊ ဘုန်းရှိန်ခန့်၊ ယမုံမြင့်မြတ်၊ ဂရိတ်ချမ်း၊ သံစဉ်ဆည်းဆာ၊ အဲဝေ သာ၊ ဟန်ထက်စံ၊ မှူးသီဟသူ၊ မင်းမြတ်သုခ၊ နေဝန်း၊ စိုးစံ၊ ထက်အောင်ထူး၊ ပိုးသားခင်ခင်၊ ခိုင်ဇင်သွယ်၊ ဧည့်သည်သရုပ်ဆောင် မုဏ်းနဲ့ နေရည်ဝင်းလဲ့၊ အကယ်ဒမီရဲအောင်၊ Lနေနော်၊ အကယ်ဒမီ ချိုပြုံး၊ အကယ်ဒမီဝါဝါ အောင်၊ ဂွမ်းပုံကြီး၊ ဇင်မျိုး၊ ဇော်ဝင်းမောင်၊ ကလေးသရုပ်ဆောင် သွန်းနေလ၊ ဆုရတနာထိုက်၊ နန်းမေမြတ်နိုးနဲ့ အနုပညာရှင်ပေါင်းများစွာနဲ့ရိုက်ကူးထားပါတယ်။
အပိုင်း ၃၀ ကျော်ပါဝင်တဲ့ “မြူနှင်းတို ထာဝရဝေ”ဇာတ်လမ်းတွဲကို အောက်တိုဘာလ ၁၇ ရက်ကစပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ MRTV-4 ရုပ်သံလိုင်းကနေ ည ၇နာရီတိုင်းမှာထုတ်လွှင့်ပြသပေးလျက်ရှိပါတယ်။
