၂၁.၁၀.၂၀၂၅
Translated by Htwe Ko Tun
ဂျပန်နိုင်ငံမှာ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဆာနေး တာကေးချီကို ဒီနေ့ အောက်တိုဘာလ ၂၁ ရက်မှာကျင်းပတဲ့ ပါလီမန်အလှည့်ကျအစည်းအဝေးက ဂျပန်နိုင်ငံရဲ့ ၁၀၄ ယောက်မြောက်ဝန်ကြီးချုပ်အနေနဲ့ မဲပေးရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ဆာနေး တာကေးချီဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်လည်း ဖြစ်လာမှာပါ။ သူက အစိုးရအဖွဲ့ကိုတော့ ဒီညနေပိုင်းမှာပဲ ဖွဲ့စည်းမယ်လို့ သိရပါတယ်။

ဒိုင်းယက် ပါလီမန်ရဲ့ အထူးအလှည့်ကျအစည်းအဝေးကို ဒီနေ့ ကျင်းပခဲ့ရာမှာ တာကေးချီက ပထမအဆင့်မှာ အောက်လွှတ်တော်မှာ အမတ် ၄၆၅ ယောက်အနက် ၂၃၇ ယောက်ရဲ့ထောက်ခံမှုကိုရရှိခဲ့ပါတယ်။ အထက်လွှတ်တော်မှာတော့ အမတ် ၂၄၆ ယောက်အနက် ၁၂၄ ယောက်ရဲ့ထောက်ခံမှုကိုရရှိ ခဲ့ပါတယ်။
ဒါပေမယ့် အထက်လွှတ်တော်မှာ သူ့အနေနဲ့ အဓိကအတိုက်အခံခေါင်းဆောင် ယိုရှီဟီကို နိုဒါနဲ့ ထပ်မံ မဲယှဉ်ပြိုင်မှုလုပ်ခဲ့ရာမှာတော့ တာကေးချီ က ၁၂၅ မဲရရှိခဲ့ပြီး အနိုင်ရခဲ့တာပါ။
တာကေးချီက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌအဖြစ် အောက်တိုဘာလ ၄ ရက်က တင်မြှောက်ခံခဲ့ရတာပါ။ နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ နေရာမှာ အစားထိုးခန့်ထားခဲ့တာပါ။
Ref-Asahi Shimbun
