၁၇. ၁၀. ၂၀၂၅
Written by Nay Moe

စစ်ရေးအရ အရေးပါပြီး နယ်မြေဒေသအရ အချက်အခြာကျတဲ့ သီပေါမြို့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာခံထားရတဲ့ တအာင်းပလောင် လက်နက်ကိုင် TNLA က ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်းကစ ယာယီထိန်းချုပ်ခဲ့ပေမဲ့ ဒီနေ့မှာတော့ အကြမ်းဖက်အားလုံးကို အမြစ်ပြတ်တိုက်ထုတ်ပြီးတဲ့နောက်မှာ တပ်မတော်က သီပေါမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီဖြစ်တယ်လို့ ကနဦး သိရပါတယ်။

တရုတ်နိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ အဓိက ကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ မန္တလေး- လားရှိုး-မူဆယ် လမ်းမကြီးပေါ်မှာ တည်ရှိပြီး နိုင်ငံတကာနဲ့ ဒေသတွင်းအတွက် အချက်အခြာကျလှတဲ့ ဒီလမ်းကြောင်းကို ထိန်းချုပ်နိုင်ခြင်းက စီးပွားရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် အရေးပါတာကြောင့် တအာင်း TNLA ၊ ဓနု DPLA ၊ MDY PDF နဲ့ PDF တပ်ပေါင်းစုဟာ သီပေါမြို့ပြန်မကျဖို့ အသည်းအသန်ခုခံပေမယ့် တပ်မတော်စစ်ကြောင်းတွေရဲ့ထိုးစစ်ကို မခံနိုင်တဲ့အဆုံးမှာ မနေ့ကစ သီပေါမြို့ကနေ အသေအပျောက်များစွာနဲ့ ထွက်ပြေးကုန်ကြတာပါ။

ဒီလိုထွက်ပြေးရာမှာလည်း TNLA နဲ့ ပူးပေါင်းအကြမ်းဖက်တွေက ရိုးရိုးမပြေးဘဲ တပ်မတော်စစ်ကြောင်းတွေက ကျောက်မဲမြို့ကို သိမ်းယူဖို့ ကြိုးပမ်းချိန်မှာ TNLA အကြမ်းဖက်သောင်းကျန်းသူတွေဟာ ကျောက်မဲမြို့က ဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ ပြည်သူလူထုနေအိမ်များစွာကို မီးရှို့ဖျက်ဆီးပြေးခဲ့သလို အခုလည်း သီပေါမြို့ကို တပ်မတော်အောင်မြေစနင်းတဲ့ မနေ့က TNLA အကြမ်းဖက်တွေဟာ ကျောက်မဲမြို့မှာ ကျူးလွန်သွားခဲ့သလို သီပေါမြို့က ဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ ပြည်သူလူထုနေအိမ်များစွာကို မီးရှို့ ထွက်ပြေးသွားကြပြန်တာပါ။

တပ်မတော်က ဒီမနက်မှာတော့ သီပေါမြို့က TNLA အကြမ်းဖက်တွေကို အပြီးသတ်ရှင်းလင်းပြီး ပြန်လည်ထူထောင်ရေးစတင်ချိန်မှာ မြို့တွင်းဝင်ရောက်လာတဲ့ တပ်မတော်စစ်ကြောင်းတွေကို သီပေါပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြတာလည်း တွေ့ရပါတယ်။ (Photo – Credit)

