၁၇.၁၀.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်နဲ့ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် တို့ဟာ အောက်တိုဘာလ ၁၆ ရက်က ခေါင်းဆောင်နှစ်ဦးကြား နှစ်နာရီကျော်ခန့်ကြာတဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုတစ်ရပ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
နှစ်နာရီကျော်ကြာ ဖုန်းဆက်သွယ်ပြောကြားအပြီးမှာတော့ အမေရိကန်သမ္မတက ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုတဲ့ သူ့ရဲ့ဆန္ဒက အခုအချိန်အထိ ရှောင်ပြေးနေသေးတယ်လို့ ဆိုရမှာ ဖြစ်တဲ့တိုင် ဒီဖုန်းပြောဆိုမှုက အလွန်အကျိုးဖြစ်ထွန်းစေတယ် လို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်က သူတို့ ခေါင်းဆောင်နှစ်ဦးဟာ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်မြို့တော်မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း ပြောခဲ့ပါတယ်။ အမေရိကန်ဘက်က နိုင်ငံငံခြားရေးဝန်ကြီး မာကို ရူဘီယို ခေါင်းဆောင်ပြီး ရုရှား-အမေရိကန် အဆင့်မြင့်ဆွေးနွေးပွဲတစ်ရပ်ကို လာမယ့်ရက်သတ္တပတ် အတွင်းမှာ ကျင်းပသွားမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
သမ္မတနှစ်ဦးက အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်မှာလည်း ဩဂုတ်လ ၁၅ ရက်က တွေ့ဆုံခဲ့ကြပါသေးတယ်။ သူတို့နှစ်ဦးဟာ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့အတွက် ဆွေးနွေးသွားကြမှာဖြစ်တယ်လို့လည်း ထရမ့်ပ် က ပြောခဲ့ပါတယ်။
ဝါရှင်တန်မြို့ ကို ရောက်ရှိနေတဲ့ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သမ္မတ ထရမ့်ပ်ရဲ့ အခု ကြေညာချက်နဲ့ ပတ်သက်လို့ ကြိုတင်သိရှိမထားခဲ့ဘူးလို့ DW သတင်းဌာနရဲ့ သတင်းရင်းမြစ်တွေက ပြောခဲ့ကြပါတယ်။
ဒီအတောအတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးဟာ ဝါရှင်တန်မြိုကို လေယာဉ်နဲ့ရောက်ရှိ လာခဲ့ပြီးနောက် သမ္မတထရမ့်ပ်နဲ့ အောက်တိုဘာလ ၁၇ ရက်မှာ အိမ်ဖြူတော်မှာတွေ့ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
Ref , DW
