
၁၆.၁၀.၂၀၂၅.
Translated by Htwe Ko Tun
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ (နေတိုး) ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေးကိုတက်ရောက်ပြီးနောက် ဝါရှင်တန်မြိုကို လေကြောင်းနဲ့ပြန် လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီတိ ဟက်ဆက် လိုက်ပါလာတဲ့လေယာဉ်ဟာ လေယာဉ်ရဲ့ လေကာမှန်အက်ကွဲသွားခဲ့လို့ ဗြိတိန် (ယူနိုက်တစ်ကင်းဒမ်း)နိုင်ငံကို လမ်းကြောင်းပြောင်းပြီးတဲ့နောက် အရေးပေါ် ဆင်းသက်မှုတစ်ရပ် အောက်တိုဘာလ ၁၅ ရက်ကပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
အမေရိကန်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ရှောင် ပါနယ်လ်က ‘လေယာဉ်က သတ်မှတ် လုပ်ငန်းစဉ်တွေအတိုင်း လေဆိပ်ကိုဆင်းသက်နိုင်ခဲ့ပြီး ဟက်ဆက် အပါအဝင် လေယာဉ်ပေါ်ပါသူ အား လုံး ဘေးအန္တရာယ်ကင်းကြပါတယ်” လို့ ပြောခဲ့ပါတယ်။
ဟက်ဆက်ဟာ နေတိုး ကာကွယ်ရေးဝန်ကြီးတွေအစည်းအဝေးကို တက်ရောက်ပြီးနောက် ဘရပ်ဆဲလ် မြို့ မှထွက်ခွာပြီးနောက်မှာ လေယာဉ်ခရီးစဉ် ပျံသန်းမှုခြေရာခံသူတွေက လေယာဉ်ဟာ အမြင့်မှပြုတ်ကျပြီးအရေးပေါ်အချက်ပြမှုကို စတင်ထုတ်လွှင့်ခဲ့တာကို တွေ့ရှိခဲ့ကြပါတယ်။
အစည်းအဝေးမှာ အဲဒီနေ့ အစောပိုင်းက ဟက်ဆက်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်် ထရမ့်ပ်ရဲ့ တွန်းအားပေးမှုကို ဆက်လက်ဆန့်ကျင်ရင် အမေရိကန်က ရုရှားအပေါ် အရေးယူ စည်းကြပ်မယ်လို့ သတိပေးခဲ့ပါသေးတယ်။
ဖေဖော်ဝါရီလတုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို လိုက်ပါလာတဲ့ လေတပ်လေယာဉ်တစ်စီးဟာ လေယာဉ်မှူးခန်းလေကာမှန်မှာ ပြဿနာရှိလို့ ဝါရှင်တန်မြို့ကို ခရီးပြန်လှည့်ခဲ့ရပါသေးတယ်။
Ref-DW
