သတိုး
၁၁. ၁၀. ၂၀၂၅
ကျားဖြန့်လိမ်လည်မှုလုပ်ငန်းများကို ကြာရှည်စွာ မြန်မာနိုင်ငံ၌ လှုပ်ရှားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးပြု၍ ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဟု သံသယရှိသူ (၃) ဦးအား တရုတ်နိုင်ငံက စွဲချက်အများအပြားဖြင့် တရားစွဲတင်လိုက်ပြီဖြစ်ကြောင်း ဖူကျန့်ပြည်နယ်၊ ချွမ်ကျိုးမြို့ရှိ ရှေ့နေများက စနေနေ့တွင် ကြေညာခဲ့သည်။


အဓိက သံသယရှိသူများထဲမှ တစ်ဦးမှာ နယ်ခြားစောင့်တပ်ဖွဲ့ ကြီးကြပ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီးဟောင်း ဝေဆန်းဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသရှိ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ ဆက်သွယ်ရေး လိမ်လည်မှုများ ကျူးလွန်ရန် အခြားသူများနှင့် ပူးပေါင်းခဲ့သည်ဟု ချွမ်ကျိုးရှေ့နေများက စွပ်စွဲထားသည်။
ရှေ့နေများက ၎င်းတို့သည် သံသယရှိသူ သုံးဦးကို ချွမ်ကျိုးမြို့ အလယ်အလတ် ပြည်သူ့တရားရုံးသို့ စွဲချက်များ တင်သွင်းခဲ့ပြီး အဆိုပါ စွဲချက်များတွင် လိမ်လည်မှု၊ လူသတ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ စီစဉ်ဆောင်ရွက်ခြင်းနှင့် ငွေညှစ်အဓမ္မတောင်းယူမှုများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လကုန်ပိုင်းတွင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် မြီမိသားစုမှ အဖွဲ့ဝင် (၃၉) ဦး သည် တရုတ်နိုင်ငံသား (၁၄) ဦးကို သတ်ဖြတ်ခြင်းနှင့် (၆) ဦးကို ဒဏ်ရာရရှိစေခြင်း ကဲ့သို့သော ရာဇဝတ်မှုများ အပါအဝင် စွဲချက်အများအပြားဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ကျဲ့ကျန်းပြည်နယ်၊ ဝမ်ကျိုးမြို့ အလယ်အလတ်ပြည်သူ့တရားရုံးက အတည်ပြုပြောကြားခဲ့သည်။
ဝမ်ကျိုးတရားရုံးက တရားခံများသည် လိမ်လည်မှု၊ လူသတ်မှုနှင့် ကိုယ်လက်အင်္ဂါ ထိခိုက်နစ်နာအောင် ပြုလုပ်မှုများ ကဲ့သို့သော ပြစ်မှု (၁၄) မျိုး ကို ကျူးလွန်ကြောင်း တွေ့ရှိရကြောင်းနှင့် ပြစ်ဒဏ်များကို တစ်ဦးချင်း၏ ရာဇဝတ်မှုဆိုင်ရာ လုပ်ရပ်များ၊ အခြေအနေများနှင့် လူ့အဖွဲ့အစည်းအပေါ် ဖြစ်ပေါ်စေခဲ့သည့် နစ်နာမှုအတိုင်းအတာပေါ်မူတည်၍ ချမှတ်ခဲ့သည်။ ထိုသို့ ချမှတ်မှုတွင် ဂိုဏ်းခေါင်းဆောင်များဖြစ်ကြသော မြီမိသားစု၏ သားနှင့်သမီးဖြစ်သော မောင်မြင်ရှောက်ဖျင် (Mg Myin Shaunt Phyin) နှင့် မသီရိမောင် (Ma Thiri Maung) အပါအဝင် လူ (၁၁) ဦး ကို သေဒဏ်ချမှတ်ခဲ့ပြီး၊ အခြား (၅) ဦး ကို နှစ်နစ်ဆိုင်းငံ့ သေဒဏ် ပေးခဲ့ကာ (၁၁) ဦးကိုမူ တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။
Ref, chinadaily
