





၁၀.၁၀.၂၀၂၅
Written By Thandar
အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “ဆုံမှတ်” The First Myanmar_ Indian Cross Cultural TV Series ဇာတ်လမ်းတွဲရဲ့ ပွဲဦးထွက်အစီအစဉ် စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ ZEALAX HOTELမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ စာနယ်ဇင်းမိတ်ဆက်ပွဲကို အိန္ဒိယသံအမတ်နဲ့အတူ “ဆုံမှတ်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော့်အနေနဲ့ မြန်မာပြည်ဖွား အိန္ဒိယနွယ်ဖွားက ဇာတ်လမ်းတွဲမှာ သေချာလေး ရိုက်ကူးဖို စီစဉ်ဖြစ်တာပါ။ အိန္ဒိယ ရိုးရာယဉ်ကျေးမှုတွေလည်း ပါဝင်မယ်။ ပေါ်ပေါ်ထင်ထင် ဖြစ်စေချင်တယ်။ ကျွန်တော် မြန်မာ့ယဉ်ကျေးမှုတွေလည်း ပါဝင်မယ်။ နှစ်ခုပေါင်းစပ်လိုက်ရင် Milestone တစ်ခုကျန်အောင် လုပ်ဆောင်လိုက်တာပါ။ ဆုံမှတ်လို နာမည်ပေးလိုက်တာ အဓိပ္ပာယ်ကလည်း အကြောင်းအရာတွေက လာဆုံမှ အဖြေတစ်ခုထွက်တာလေ။ ဒါကြောင့်ပါ။ ဒရာမာ အက်ရှင်ဇာတ်လမ်းက ပရိသတ်တွေ ရသတစ်မျိုးစီခံစားရမှာလည်း ဖြစ်ပါတယ်”လို့ ဇာတ်လမ်း၊ ဒါရိုက်တာ အဂ္ဂမာန်က ပြောပါတယ်။
ဒီဇာတ်ကားမှာ ဇာတ်ညွှန်း ယုန်းလေး (TMK) Team၊ ဒါရိုက်တာ အဂ္ဂမာန်က ပုံမှန်မြင်တွေ့နေကြဖြစ်တဲ့ ဇာတ်လမ်းတွဲပုံစံမျိုးနဲ့မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမှာဖြစ်ပြီး မြန်မာ၊ အိန္ဒိယ မတူညီတဲ့လူမျိုးနှစ်ခုရဲ့ မတူညီတဲ့ ယဉ်ကျေးမှု၊ အစားအသောက်တွေနဲ့ ရိုးရာဓလေ့တွေ အတူယှဉ်တွဲ ကြည့်ရှုခွင့်ရမယ့် အက်ရှင်ဒရာမာ ဇာတ်လမ်းပုံစံဖြစ်တယ်လို့ သိရပါတယ်။
အကယ်ဒမီ ထွန်းထွန်း၊ ထွန်းမင်း၊ မင်းဟိဏ်း၊ တင်မောင်ဆန်းမင်းဝင်း၊ ခွန်သာချို၊ ဒေါင်းဝေ၊ မျိုးကြည်၊ ရာမ်ကီး (ခ်)ရဲကိုကို၊ ရဲသွေးသီဟ၊ နေခြည်ရွှန်းလက်၊ သုန္ဒြေဉီး၊ သာသာ၊ မိုးမြင့်မြတ်စိုး၊ ထက်ယမင်းအိမ် ၊ ဒီပါး(ခ) ချောစုသူဇာနဲ့အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
အပိုင်း ၂၀ စာပါဝင်တဲ့ “ဆုံမှတ်” The First Myanmar_Indian Cross Cultural TV Series ကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ Hey Play နဲ့ Channel 7 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
