၁၀. ၁၀. ၂၀၂၅
Written by Nyein Kyaw
မသမာသူများက ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆက်သွယ်ပြီး ငွေကြေးတောင်းခံခြင်းနှင့် ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application Download လုပ်ရန် သွေးဆောင်ဖြားယောင်းနေမှုများ လုပ်ဆောင်နေသဖြင့် အထူးသတိပြုရန် အသိပေးထားသည်။

လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်သို့ စတင်ဝင်ရောက်ချိန်တွင် “ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက် အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖြစ်စေ၊ တယ်လီဖုန်းဖြင့် ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက်ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာရှိပါက တယ်လီဖုန်း နံပါတ် ၀၆၇-၃၄၃၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်” ဟု ဖော်ပြကာ သတိပေးကြေညာထားလျက်ရှိသည်။
ထို့ပြင် တရားဝင်ဝက်ဘ်ဆိုက်အတွင်းသို့ ဝင်ရောက်ပြီးပါကလည်း “ဤဝက်ဘ်ဆိုဒ်သည် ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် တစ်ခုတည်းသော ဝက်ဘ်ဆိုဒ်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အချက်အလက်များကို မူပိုင်ခွင့်မဲ့ကူးယူထားသော ဝက်ဘ်ဆိုဒ် အတုများအားသတိပြုပါ။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်” ဟု ဖော်ပြထားခြင်းဖြစ်သည်။
