၆.၁၀.၂၀၂၅
Translated by Htwe Ko Tun



အိန္ဒိယနိုင်ငံ၊ ဂျေပူအာမြို့ရှိ Sawao Man Singh ဆေးရုံရဲ့ အထူးအရေးကြီးကြပ်မတ်ကုသဆောင်မှာ အောက်တိုဘာလ ၅ ရက် ညက မီးလောင်မှုကြီးတစ်ရပ်ဖြစ်ပွားခဲ့တာမှာ လူနာရှစ်ဦးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။
မီးလောင်မှုက ဆေးရုံရဲ့ စိတ်ပိုင်းဆိုင်ရာဌာန အထူးအရေးကြီးကြပ်မတ်ကုသဆောင်မှာ လျှပ်စီးပတ် လမ်းပြတ်တောက်မှုကနေ လျှပ်စစ်ဓာတ်လိုက်မှုဖြစ်ပြီး မီးခိုးငွေ့တွေထွက်ရှိကာ လျင်မြန်စွာ မီးစတင် လောင်ကျွမ်းခဲ့တာလို့သိရပြီး မီးလောင်ချိန်က အဲဒီအဆောင်မှာ လူနာ ၁၁ ဦး ကုသမှုခံယူနေ တယ်လို့လည်း အဆောင်တာဝန်ခံ ဆရာဝန် ဒေါက်တာ အနျူရက် ဒါခတ်က ပြောခဲ့ပါတယ်။
ဒေါက်တာ အနျူရက် ဒါခတ်က “ကျွန်တော်တို့ စိတ်ပိုင်းဆိုင်ရာဌာနက ဆေးရုံ ဒုတိယထပ်မှာ အထူးကြပ်မတ်ကုသဆောင်နှစ်ခုရှိတယ်။ အထူးအရေးကြီး ကြပ်မတ်ကုသဆောင်နဲ့ သာမန်ကြပ်မတ်ကုသဆောင်တို့ပေါ့။ စုစုပေါင်း လူနာ ၂၄ ဦးမှာ အထူးအရေးကြီးကြပ်မတ်ကုသဆောင် မှာ ၁၁ ဦးနဲ့ သာမန်ကြပ်မတ်ကုသဆောင် မှာ ၁၃ ဦးရှိခဲ့တာပါ၊ လူနာအများစုက မေ့မြောနေကြတယ်” လို့ ပြောခဲ့ ပါတယ်။
မီးလောင်မှုမှာသေဆုံးရတဲ့ လူနာခြောက်ဦးမှာ အမျိုးသားငါးဦးနဲ့ အမျိုးသမီးသုံးဦးလို့လည်း ဒါခတ် က ပြောခဲ့ပါတယ်။
ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက လည်း မီးစတင်လောင်ကျွမ်းတော့ စိတ်ပိုင်းဆိုင်ရာကုသရေးဌာနက ဝန် ထမ်းတွေရော၊ သူနာပြုအရာရှိတွေနဲ့ အဆောင်ဝန်ထမ်းတွေပါ အထူးကြပ်မတ်ကုသနေရတဲ့ လူနာ တွေအများအပြားကို တွန်းလှည်းတွေနဲ့ ကယ်ဆယ်နိုင်ခဲ့တာပါ။ ဒီထဲကမှ သေဆုံးခဲ့တဲ့ လူနာရှစ်ဦးက အရမ်းဆိုးဝါးတဲ့အခြေအနေမှာရှိနေတယ်။ သူတို့ကို နှလုံးသွေးကြောဆိုင်ရာ ကယ်ဆယ်ကုသမှုတွေလုပ်ပြီး အသက်ရှင်နိုင်ဖို့ကျွန်တော်တို့ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး လို့ ပြောခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ ဝင်တွေက ချက်ချင်းဆိုသလိုရောက်လာကြပြီးတဲ့နောက် မီးကို ထိန်းချုပ်နိုင်ဖို့ နှစ်နာရီ လောက်ကြိုးစားငြှိမ်းသတ်ခဲ့ရပါတယ်။
Ref- Hindustan Times
