




၄.၁၀.၂၀၂၅
Written By Thandar
မြန်မာနိုင်ငံရဲ့ အခမ်းနားဆုံး Bazzar & Runway Culture Vol.2 ပွဲကြီးရဲ့ Fashion Show ပွဲနဲ့ ဈေးပွဲတော်ကြီးကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ ၂ ရက်တိုင်တိုင် ရန်ကုန်မြို Sedona Hotel မှာ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ကျင်းပနေပါတယ်။
“အခု Bazzar & Runway Culture ရဲ့ Fashion Show Round နဲ့ ဈေးရောင်းပွဲတော်ကြီးကို ဒုတိယအကြိမ် ကျင်းပတာပါ။ ဒီပွဲကိုတော့ နာမည်ကြီး Fashion Designer တွေ ဖန်တီးထားတဲ့ Local Brand Entrepreneur တွေကို တစ်နေရာတည်းမှာမြင်နိုင်မှာလည်းဖြစ်ပါတယ်။ လက်ဝတ်ရတနာ အလှကုန်တွေ၊ အရသာရှိတဲ့ အစားအသောက်တွေ၊ တမူထူးခြားတဲ့ Lifestyle Product တွေကို တစ်နေရာထဲမှာ စုံလင်စွာရရှိခံစားနိုင်မှာပါ။ ခေတ်မှီဆန်းသစ်မှုနဲ့အတူ ထည်ဝါမှုတိုကို ပေါင်းစပ်ဖန်တီးထားတဲ့ အလှဆုံးလက်ရာမြောက် Jewelry ဆိုင်တွေလည်း အထူးအနေနဲ့ပါဝင်တာကြောင့် ပွဲတက်ဖို့ဖြစ်စေ Daily Wear အတွက်ဖြစ်စေ လက်ဝတ်ရတနာတွေပွဲကို ချပြနေတာပါ”လို့ အဆိုပါပွဲတာဝန်ရှိသူ မမိုးက ပြောပါတယ်။
အဆိုပါပွဲမှာ မြန်မာ့ဖက်ရှင် Lifestyle နဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို တစ်နေရာတည်းမှာ မြင်တွေ့ခံစားနိုင်မှာဖြစ်တဲ့အပြင် ပွဲလာသူတွေအတွက် Local Brand အဝတ်အထည်တွေကို တစ်ခါတည်းဝတ်ဆင် ကြည့်နိုင်အောင် Fitting Room တွေကိုလည်း စီစဉ်ပေးထားတာဖြစ်ပါတယ်။
ယနေ့မှာထူးခြားတဲ့ Runway Show တွေ၊မနက်ဖြန် အောက်တိုဘာ ၅ ရက် ဒုတိယနေ့မှာဆိုရင်လည်း Kids Round တွေနဲ့ Talk Show တွေ အားလုံးကို တစ်နေရာထဲမှာ “ဝင်ကြေးအခမဲ့” နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
