
၂. ၁၀. ၂၀၂၅
Written by Nay Moe
ရွှေဘိုမြို့၌ PDF များ၏ အသိတရားကင်းမဲ့စွာဖြင့် လက်လုပ်ရှော့တိုက်ဒုံးနှင့် ပစ်ခတ်မှုကြောင့် သာသနာတော်အကျိုးသယ်ပိုးဆောင်ရွက်နေသည့် သာမဏေကိုရင် (၃) ပါး ပျံလွန်တော်မူ၍ သာမဏေကိုရင် (၈) ပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ရသည်။
ဖြစ်စဥ်မှာ ယနေ့ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ချီပါ(တောင်)ရွာအနီးမှ PDF များသည် သာသနာတော်အကျိုးသယ်ပိုး လျက်ရှိသော သံဃာတော်များ သီတင်းသုံးနေထိုင်လျက် ရှိသည့် စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ယုတ်မာရိုင်းစိုင်းစွာဖြင့် လက်လုပ်ရှော့တိုက်ဒုံးနှင့် ပစ်ခတ်ခဲ့သောကြောင့် အောင်မြေ ဘုန်းတော်ကြီးကျောင်းဝင်းရှိ ချမ်းမြေ့ကျောင်းတိုက်အတွင်းသို့ ရှော့တိုက်ဒုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းမှ စာသင်စာချပြု လုပ်နေသည့် သံဃာတော်များဖြစ်သည့် သက်တော် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ် သာမဏေကိုရင် ၃ ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင် ၈ ပါး ဗုံးစထိမှန် ထိခိုက် ဒဏ်ရာများရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပျံလွန်တော်မူ၊ ဒဏ်ရာရရှိ ခဲ့သည့် ကိုရင်ငယ်များအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

PDF များသည် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင် သည့် သာသနာနိကအဆောက်အအုံနေရာသို့ အသိတရားကင်းမဲ့စွာဖြင့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ရေး အတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း တိုးမြှင့် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

