၂.၁၀.၂၀၂၅
Written By Thandar
Royal Poe ရုပ်ရှင်ထုတ်လုပ်ရေးက “1994” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားကို အနုပညာလိုင်းနယ်ပယ်အသီးသီးက Artist တွေ အနုပညာရှင်တွေလည်းပါတယ်။ မကြာခင်ရုံတင်တော့မှာမို့ ပရိသတ်ဆီက Feedback ဘယ်လိုလာမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ဒီကားမှာ ပါဝင်သူတွေကို ဘယ်ဘက်ကိုမှ လိုက်ရေးမထားပါဘူး။ မျှမျှတတပါပဲ။ ကိုတိုင်ရွန်၊ ကိုထူးအံ့လွင်၊ မီးမီး၊ သဲသဲ၊ မင်းသန့်ဆိုလည်း မင်းသန့်အလျောက်။ Doublej ပေါ့။ သူ့အပိုင်းလေးတွေနဲ့ သူပါဝင်ကြပါတယ်”လို့ ဒါရိုက်တာ အာကာစိုးဦးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း အာကာစိုးဦး၊ ဇာတ်ညွှန်း ရွှေရည်ရွန်းလဲ့၊ Assistant ဒါရိုက်တာ အောင်မင်းသန့်၊ ဒါရိုက်တာ အာကာစိုးဦးက သရုပ်ဆောင်တွေဖြစ်တဲ့ တိုင်ရွန်၊ ထူးအံ့လွင်၊ Doublej၊ မင်းသန့်၊ မင်းဟိဏ်း၊ လီလီကျော်ခိုင်၊ မီးမီး၊ သဲစုညိမ်းနဲ့ အခြားနာမည်ကြီး အနုပညာရှင်တွေနဲ့ ရိုက်ကူးထားပါတယ်။
“1994” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မနက်ဖြန် အောက်တိုဘာ ၃ ရက်နေ့ကစ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
ဒါရိုက်တာ အာကာစိုးဦး၊ Doublej၊ မင်းသန့်နဲ့ အတူတူ ရေးသားဖန်တီးသီဆိုထားကြတဲ့ “မင်းအတွက်”သီချင်းသစ်တစ်ပုဒ်ကလည်း ဇာတ်ဝင်တေးအဖြစ်ပါဝင်ထားပါတယ်။
#ArkerSoeOo #Tyron #HtooAntLwin #DoubleJ #MinThant #MinHain #Lili #ThaeSuNyein #MeeMee #LiliKyawKhaing #RoyalPoeMovie
#1994ရပ်ရှင်ဇာတ်ကားကြီး #1994Film #AKSO













