၂.၁၀.၂၀၂၅
Translated by Htwe Ko Tun




ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၊ စီဘူးပြည်နယ်အတွင်း ဗဟိုပြု၍ စက်တင်ဘာလ ၃၀ ရက်၊ ဒေသစံတော်ချိန် ည ၉ နာရီ ၅၉ မိနစ်တွင် လှုပ်ခတ်သွားခဲ့သော ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျူ့ ရှိ အင်အားပြင်းငလျင် ကြောင့် သေဆုံးသူဦးရေမှာ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်းတွင် ၇၂ ဦးရှိသည်အထိ တိုးမြင့်လာခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
၎င်းတို့က ငလျင်လှုပ်ပြီးနောက် ၂၄ နာရီအတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုမြှင့်တင် ဆောင်ရွက်လျက်ရှိရာ ငလျင်ဒဏ်ကြောင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသူအများအပြားကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။
မြို့ပြကာကွယ်ရေးရုံး (OCD) မှ လက်ထောက်အတွင်းရေးမှူး ရာဖယ်လ် အလီဂျန်ဒရိုက ငလျင်ဗဟို ချက်နှင့် အနီးဆုံး ဘိုဂိုမြို့တွင် သေဆုံးသူဦးရေ ၃၀ အထိရှိ၍ အများဆုံးဖြစ်ကြောင်း၊ ထို့နောက် ဆန်ရီ မီဂီအို မြို့တွင် ၂၂ ဦး၊ မက်ဒယ်လင်မြို့တွင် ၁၀ ဦး၊ တာဘိုဂွန် မြို့တွင် ငါးဦး၊ ဆိုဂေါ့ဒ်နှင့်တာဗျူလန်မြို့များတွင်သေဆုံးမှုများကြောင့် စုစုပေါင်း ၇၂ ဦးသေဆုံးခဲ့ကြောင်းပြောခဲ့သည်။
ထို့ပြင် ငလျင်ကြောင့် ဒဏ်ရာရသူ ၂၉၃ ဦးအထက်ရှိရာ ဘိုဂိုမြို့တွင် အများဆုံးဖြစ်၍၊ ဆန်ဖရန်စစ္စကိုမြို့၊ တာဗျူလန်မြို့နှင့် ကက်မွန်မြို့များမှဖြစ်ပြီး လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်၍ သေဆုံး၊ ဒဏ်ရာရသူ တိုးလာနိုင်သေးကြောင်းလည်း သိရသည်။
Ref-inquire.net
