၃၀.၉.၂၀၂၅
Written By Thandar
စိတ်ကူးယဉ် Horror ဇာတ်လမ်းပုံစံ “ဗလာစာအုပ်” ဇာတ်လမ်းတွဲ Press Show ပွဲအခမ်းအနားကို ယနေ့ စက် တင်ဘာ ၃၀ ရက် ညနေ ၃ နာရီခွဲက ရန်ကုန်မြို့ Junction City Promotion Area မှာ ကျင်းပခဲ့ပါတယ်။
“ဒီကားက သဘာဝလွန်ဖြစ်ရပ်ဆန်းတွေလည်းပါတယ်။ ခြေကလိမ်မသရဲဇာတ်ကောင်တွေ၊ မဖဲဝါပုံစံ ထိတ်လန့်ခြောက်ခြားစရာ ဇာတ်ကားလေးပေါ့နော်။ အရင်တုန်းက တက္ကသိုလ်ကျောင်းတွေမှာ သူငယ်ချင်းစုပြီး ကစားကြတွေရှိသလို ဆရာ၊ ဆရာမတွေ ခိုင်းတဲ့အရာတွေ စုလုပ်ခဲ့ကြတာတွေရှိကြတယ်။ နောက်ကျောင်းမှာ ခြေကလိမ်မသရဲတို့ ကြုံတွေ့ရတာလေးတွေပါပါတယ်။ ညပိုင်းတွေပဲ ရိုက်ခဲ့ကြတာပါ။ လူငယ်ပရိသတ်တွေ ကြိုက်နှစ်သက်စရာဇာတ်လေးဖြစ်ခဲ့ရလို့ ပီတိဖြစ်ရပါတယ် ”လို့ သရုပ်ဆောင်ဝမ်ဝမ်းက ပြောပါတယ်။




အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း စဝ်ခွန်စစ်၊ သီဟအောင်၊ ဝေနှင်းသီနဲ့ မေဝါလွင်တို့က ရေးသားပြီး ဇာတ်ညွှန်း ကျော်ကျော်ထွန်းနဲ့ အေးမို့မို့အောင်၊ ဒါရိုက်တာအောင်မြင့်မြတ်က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ဇေယျမင်းထင်၊ ဖုန်းသီရိကျော်၊ သဉ္ဇာ၊ နန်းအိန္ဒြေ၊ ဝမ်ဝမ်း၊ စွမ်းထက်ညီညီ၊ မာန်ဓန၊ အေးမင်းဟိန်းစတဲ့ သူတွေပါဝင်ထားကြပါတယ်။
“ ဗလာစာအုပ်”ဇာတ်လမ်းတွဲကို လာမယ့် အောက်တိုဘာ ၃ ရက်နေ့ ည ၇ နာရီတိုင်းမှာ အပတ်စဉ် တနင်္လာနေ့ ကနေ သောကြာနေ့အထိ MRTV-4 ရုပ်သံလိုင်းနဲ့ Pyone Play မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။
