


၃၀.၉.၂၀၂၅
Written By Thandar
MRTV – 4 ရုပ်သံလိုင်းက ထုတ်လွှင့်ပြသတဲ့ “သံသယကင်းတဲ့အချစ်” ဇာတ်လမ်းတွဲ Fan Meet ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၃၀ ရက် ညနေ ၃ နာရီကျော်က ရန်ကုန်မြို့ Junction City Promotion Area မှာ ကျင်းပခဲ့ပါတယ်။
“သံသယကင်းတဲ့အချစ်ဇာတ်ကားကို လက်ရှိထုတ်လွှင့်နေချိန်မှာ ပရိသတ်တွေ သဘောကျကြတယ်ဆိုတော့ ဝမ်းသာပါတယ်။ ငုဝါကိုချစ်ပြီး အားပေးကြတဲ့ ပရိသတ်တွေ တစ်ယောက်ဆီကိုလည်း တန်ဖိုးထားပါတယ်။ ရုံးဖွင့်ရက်ဖြစ်နေလို့ လာအားပေးဖို့ မအားကြလို့ Online အားပေးကြတံ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ခုရက်ပိုင်းအတွင်း ထုတ်လွှင့်တာပြီးတော့မှာမို့ ပရိသတ်တွေ ဇာတ်သိမ်းရောက်ခါနီးပြီမို့ အားပေးကြပါဦးလို့ ပြောချင်ပါတယ် ” လို့ သရုပ်ဆောင် ခိုင်သဇင်ငုဝါက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းဟေမာစန်း၊ ဇာတ်ညွှန်း ဟေမာစန်း၊ အေးချမ်းမွန်၊ အေးမြတ်ချိုတို့က ရေးသားပြီး ဒါရိုက်တာ ကျော်မင်းသိမ်းက ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်တဲ့ အောင်ပိုင်၊ ခိုင်သဇင်ငုဝါ၊ မိုးသူရ၊ ညီနန္ဒ၊ နေနီနွေးထွေး၊ မင်းသူ၊ Lucas၊ ငြိမ်းချမ်း၊ ကောင်းမြတ်၊ သက်ဦးကို၊ ဆုလာဘ်၊ ကျော်မိုးပိုင်၊ ထူးပြည့်အောင်၊ မေသက်ကျော်၊ ကေကေဖြိုး စတဲ့သူတွေပါဝင်ထားကြပါတယ်။
