၃၀.၉.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာရရှိထားတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ သရုပ်ဆောင် နန်းဆုရတီစိုးတို့ရဲ့ “ချစ်ရေးဆို” Short Film ကို မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့မှာ ပရိသတ်အတွက် လက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
“ချစ်ခင်အားပေးတဲ့ ပရိသတ်တွေအတွက် ချစ်ရေးဆို ဇာတ်လမ်းတိုလေးကို သေချာလေးရိုက်ကူးပြီးတော့ အောက်တိုဘာ ၁ ရက်နေ့မှာ ပြသပေးမှာမို့ အားပေးကြဦး”လို့ သရုပ်ဆောင် နန်းဆုရတီစိုးက ပရိသတ်သိအောင် ပြောလာပါတယ်။
အဆိုပါ Short Film ကို ဇာတ်လမ်း လွှမ်းပိုင်၊ ဇာတ်ညွှန်း သင်းနံ့သာတို့က ရေးသားပြီးတော့ ဒါရိုက်တာ သီဟသစ်က သရုပ်ဆောင်တွေဖြစ်တဲ့ လွှမ်းပိုင်၊ နန်းဆုရတီစိုး၊ မောင်ကင်း၊ သုတဇော်၊ ပိုးပိုးနဲ့ စတဲ့အနုပညာရှင်တွေနဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။
“ချစ်ရေးဆို” Short Film ကို အောက်တိုဘာ ၁ ရက် ည ၈ နာရီမှာ Hlwan Paing Youtube and facebook နဲ့ Nansu Yati Soe ရဲ့ Facebook and Youtube တို့မှာ ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။
#လွှမ်းပိုင် #နန်းဆုရတီစိုး #HlwanPaing #NansuYatiSoe #ချစ်ရေးဆိုဇာတ်လမ်းတို #MyanmarSinger #MyanmarActress #ချစ်ရေးဆိုShortFilm



