၂၇. ၉ .၂၀၂၅
Written by Hey Mar
အမျိုးသားရုပ်အလောင်း မိတ္ထီလာမြောက်ကန် ဓမ္မာသုခရွှေစည်းခုံ(ခ)ဦးသိန်းစိန် ဘုရားရေကျော်မှာ တွေ့ရှိဆယ်ယူရတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်တစ်နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း(မိတ္ထီလာ)ထံကနေ သိရပါတယ်။

ဆယ်ယူရရှိတဲ့ ရုပ်အလောင်းက မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ပေါက်ချောင်းရပ်ကွက်၊ နယ်မြေ(၈) မှာ နေထိုင်တဲ့ အသက်(၂၂)နှစ်အရွယ် (သမိုင်း၊ တတိယနှစ်) ကျောင်းသားလို့ သိရှိရပြီး မိသားစုက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် မနက် (၁)နာရီ အိမ်ကနေထွက်သွားကြောင်း တာဝန်ရှိသူတွေရဲ့ မေးမြန်းတာကို ဖြေကြားတယ်လို့ မျိုးဆက်သစ်မြတ်ပါရမီအသင်း(မိတ္ထီလာ)က MT News ကို ပြောပါတယ်။
အဆိုပါ တက္ကသိုလ်ကျောင်းသား သေဆုံးမှုက ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ် မဟုတ် သိရှိနိုင်ဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးနေပြီး အလောင်းကို ရင်ခွဲစစ်ဆေးနိုင်ဖို့အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း(မိတ္ထီလာ)က မိတ္ထီလာ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
