၂၆.၈.၂၀၂၅
Written By Thandar
အာရှနိုင်ငံကြီးတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်မယ့် Asian Expo Yangon 2025 ပွဲကြီး ယနေ့ စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Yangon Convention Center (YCC)မှာ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ သရုပ်ဆောင် သန္တာလှိုင်နဲ့ တာဝန်ရှိသူတွေ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။






“ဒီနေ့ကတော့ ကျွန်တော်တို့ Asian Expo Yangon ရဲ့ ပွဲမှာ အာရှတခွင်က ပစ္စည်းတွေကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်မို့အတွက် ကျင်းပတာဖြစ်ပါတယ်။ ခုချိန်မှာလည်း အားလုံးက တစ်နေရာတည်းမှာ ဝယ်ယူလို့ရတာရယ်၊ Discount တွေရောရှိတော့ အရမ်းကောင်းပါတယ်။ ပစ္စည်းအမျိုးအစားအစုံအလင်ကို ထည့်သွင်းရောင်းချတာမို့ ကိုယ့်စိတ်ကြိုက် ရွေးချယ်ဝယ်ယူလို့ရပါတယ်။ ဒါ့ပြင် Entertainment Sessions, Lucky Draw တွေ အများကြီးလည်း ပေးထားတာတွေရှိတယ်”လို့ အဆိုပါပွဲတာဝန်ရှိသူပြောပါတယ်။
အဆိုပါ ဈေးရောင်းပွဲတော်ကို စက်တင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ၃ရက်တိုင်တိုင်ကျင်းပမှာဖြစ်ရာ ပညာရေး၊ ကျန်းမာရေး၊ Cosmetics, Fashion ဆိုင်တွေ၊ မောရှမ်း၊ အစားအသောက်ဆိုင်တွေ၊ စိန်နန်းတော်၊ ကား Showroom စတဲ့နယ်ပယ်စုံက ဆိုင်ခန်းပေါင်း ၂၂၀ ကျော် ခင်းပြသထားတာလည်း ဖြစ်ပါတယ်။
