၂၆. ၉. ၂၀၂၅
Written by Nyein Kyaw
သီတင်းကျွတ်ဈေးရောင်းပွဲတော်အဖြစ် ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို တစ်ပိဿာ ကျပ် ၁၇,၀၀၀ ဝန်းကျင်ဖြင့် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းနှင့် ရန်ရှင်းလမ်း နေရာနှစ်ခုတွင် အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင်တိုင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ သိရသည်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်တွင်းထုတ် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီများကို သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းနှင့် ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်းတို့တွင် အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပရောင်းချပေးမည်ဖြစ်သည်။
“ဈေးရောင်းပွဲတော်မှာ ကြိုက်တဲ့သူ ဝယ်လို့ရပါတယ်။ ကြိုက်သလောက်လည်း ဝယ်လိုရပါတယ်။ ပုံမှန်ကတော့ မနက် ၈ နာရီလောက်ကနေ စရောင်းပေးပါမယ်။ ပုံမှန် ညနေ ၅ နာရီနဲ့ ၆ နာရီလောက်ထိ ရောင်းပေးမယ်။ ဈေးနှုန်းလေးတွေကတော့ ဈေးပွဲတော်လုပ်တာဆိုတော့ အပြင်ဈေးထက်တော့ သက်သာတယ်။ အမျိုးအစားအပေါ်မူတည်ပြီး တစ်ပိဿာကို ၁၇,၀၀၀ ဝန်းကျင်လောက်ပဲရှိမှာပါ” ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။



