MT News
၂၆. ၉. ၂၀၂၅
လာမည့် အောက်တိုဘာ ၁ ရက်မှ စတင်၍ မြန်မာနိုင်ငံသားများ မလေးရှားသို့ ဗီဇာမလိုဘဲ ၁၄ ရက်ကြာ သွားရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက တရားဝင် သတင်းထုတ်ပြန်လိုက်သည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ တရားဝင် မြန်မာနိုင်ငံကူးလက်မှတ် (Myanmar Passport) ကိုင်ဆောင်သူများသည် မလေးရှားနိုင်ငံသို့ ကာလတိုလူမှုရေး လည်ပတ်ခရီး သွားရောက်ခြင်းအတွက် ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်းနှင့် ဤကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုထားသော အများဆုံးနေထိုင်ခွင့်ကာလမှာ ၁၄ ရက် ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော် ဗီဇာကင်းလွတ်ခွင့် ရရှိခြင်းသည် မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ကို အာမခံသည်မဟုတ်ဘဲ၊ သတ်မှတ်ဝင်ထွက်ပေါက်များရှိ လူဝင်မှု ကြီးကြပ်ရေးအရာရှိ၏ ခွင့်ပြုချက်အပေါ် မူတည်သည်ကို သတိပြုသင့်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပြီး မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ရရန် လိုအပ်သည့် အထောက်အထားများအားလုံးပြည့်စုံစွာ ယူဆောင်သွားရန် လိုအပ်မည်လည်းဖြစ်သည်။
