MT News
၂၅. ၉. ၂၀၂၅
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၂၅ ရက်က Atom Museum သို့သွားရောက်၍ Atom Museum အတွင်း၌ ခင်းကျင်းပြသထားသည်များကို နိုင်ငံတကာခေါင်းဆောင်များနှင့်အတူ ကြည့်ရှုလေ့လာခြင်း၊ တက်ရောက်လာသည့် ခေါင်းဆောင်များနှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။










Atom Museum သို့ လေ့လာကြည့်ရှုနေသော နိုင်ငံ့ခေါင်းဆောင်များကို ရုရှားသမ္မတပူတင်ကလည်း ဧည့်ခံ ဆွေးနွေးခဲ့သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရုရှားသမ္မတ၊ ဘယ်လာရုစ်သမ္မတ၊ အီရန် အစ္စလာမ္မစ် သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့် အီရန်အဏုမြူ စွမ်းအင်အဖွဲအစည်း အကြီးအကဲ Mohammad Eslami စသည့် ခေါင်းဆောင်များနှင့် နှုတ်ဆက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။







ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် (World Atomic Week) သို့ တက်ရောက်ရန်အတွက် စက်တင်ဘာ ၂၄ ရက် (ယမန်နေ့)ကတည်းက ရုရှားနိုင်ငံ မော်စကိုမြို့သို့ရောက်ရှိနေခြင်းဖြစ်သည်။
