◾️ ငွေဒဏ်၊ ထောင်ဒဏ်အပြင် နာမည်ပျက် စာရင်းသွင်းပြီး ပြည်နှင်ဒဏ်ပါ အပေးခံရနိုင်
၂၅. ၉. ၂၀၂၅
Translated by Thettant
အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတစ်ခုမှာ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ ထိုင်းနိုင်ငံ၊ ဖူးခတ်မြို့ရဲ့ လူစည်ကားတဲ့ လမ်းမပေါ်က ပစ်ကပ်ကားတစ်စီးရဲ့ နောက်ခန်းမှာ လိင်ဆက်ဆံမှုလုပ်ဆောင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဂျော်ဂီ (Georgii) လို့ သိရတဲ့ ရုရှားအမျိုးသားကို လူမြင်ကွင်းမှာ မသင့်လျော်တဲ့ အပြုအမူအတွက် ထိုင်းရဲတပ်ဖွဲ့က ဒီနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒီဖြစ်ရပ်က မနေ့က ဗုဒ္ဓဟူးနေ့ ညနှောင်းပိုင်းအချိန် ဖူးခတ်မြို့နယ်၊ ရပ်ဆာဒါရပ်ကွက်က ချလမ်ပရာကီယာ့တ်လမ်းမကြီးရဲ့ မြို့ပတ်လမ်းပေါ်မှာ ဖြစ်ပွားခဲ့တာပါ။ ဗီဒီယိုထဲမှာ နိုင်ငံခြားသားအမျိုးသားက အဝတ်မပါဘဲ ထိုင်းအမျိုးသမီးတစ်ဦးနဲ့ ဖူးခတ်ရဲ့ အဓိကလမ်းမပေါ် အရှိန်နဲ့မောင်းနှင်နေတဲ့ ကားနောက်ခန်းမှာ လိင်ဆက်ဆံပြခဲ့တာပါ။ အဲဒီအမျိုးသားဟာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို ဂရုမစိုက်ဘဲ သူ့ဖြစ်ရပ်ကို မှတ်တမ်းတင်နေတဲ့ ကင်မရာကိုပါ ပြုံးပြနေတာ တွေ့ရပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ တရားခံရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခြေရာခံပြီးနောက် သူဟာ ဖူးခက်လေဆိပ်ကနေ သုဝဏ္ဏဘူမိလေဆိပ်ကို ထွက်ခွာသွားပြီဆိုတာ သိရှိခဲ့ပါတယ်။ ဖူးခက်မြို့ရဲစခန်းမှူး၊ ရဲမှူးကြီး ချတ္ထရီ ချူကဲလ်က သုဝဏ္ဏဘူမိလေဆိပ်က ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများစွာနဲ့ ပူးပေါင်းပြီး တရားခံကို ဖမ်းဆီးဖို့ စီစဉ်ခဲ့ပါတယ်။
စက်တင်ဘာ ၂၅ ရက်၊ နေ့လယ် ၃ နာရီ ၄၅ မိနစ်မှာ ဂျော်ဂီ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိလာချိန်မှာ ရဲတွေက သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။မေးမြန်းစစ်ဆေးပြီးနောက်မှာ ကားနောက်ခန်းမှာ လိင်ဆက်ဆံနေတာ ဂျော်ဂီဖြစ်တယ်ဆိုတာ အတည်ပြုပြီးနောက်မှာ အာဏာပိုင်တွေက လိုအပ်သလို ဆက်လက် အရေးယူနိုင်ဖို့အတွက် သူ့ကို ဖူးခက်မြို့ရဲစခန်းဆီ လွှဲပြောင်းပေးခဲ့ပါတယ်။”
Georgii ဟာ လူမြင်ကွင်းမှာ မသင့်လျော်တဲ့ အပြုအမူတွေ ကျူးလွန်မှုနဲ့ ရင်ဆိုင်နေရပြီး ဒီအတွက် ထောင်ဒဏ် တစ်နှစ်အထိပြစ်ဒဏ်၊ ဘတ် ၂၀,၀၀၀ အထိ ငွေဒဏ်၊ ဒါမှမဟုတ် နှစ်မျိုးလုံးကို ချမှတ်ခံရနိုင်ပါတယ်။
ဒါ့အပြင် ”ဖူးခက်မြို့ရဲစခန်းမှူးက လူဝင်မှုကြီး ကြပ်ရေး အာဏာပိုင်တွေက ဂျော်ဂီရဲ့ ဗီဇာကို ပယ်ဖျက်ပြီး ထိုင်းနိုင်ငံထဲ နောက်ထပ် မဝင်ရောက်နိုင်အောင် အမည်ပျက်စာရင်းသွင်းဖို့ အကြံပြုထားပါတယ်။
ဂျော်ဂီနဲ့ လိင်ဆက်ဆံတဲ့ အမျိုးသမီးကို မူလက နိုင်ငံခြားသူ ရုရှားအမျိုးသမီးလို့ ဖော်ပြပေမယ့် ဂျော်ဂီ့ကို ဖမ်းမိချိန်မှာ ထိုင်းအမျိုးသမီးလို့ ထွကဆိုထားကြောင်းသာ ဖော်ပြထားပြီး အဲဒီ အမျိုးသမီးနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကတော့ မသိရသေးပါဘူး။
Ref, Khaosod
