၂၄. ၉ .၂၀၂၅
Wriyten by Hey Mar
ကျေးရွာအုပ်စု ဗိုလ်လုပွဲ ဘောလုံးကစားနေကြစဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး ဘောလုံးကွင်းပွဲကြည့်စင် အုတ်နံရံ ပြိုကျလို့ လူ သုံးဦး သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၂၄ ရက် ညနေ ၄ နာရီဝန်းကျင်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်မှာ
ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအုပ်စု၊ ကုန်းပေါ်ရွာသစ်မှာ ဘောလုံးပြိုင်ပွဲကြည့်နေစဥ်အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အုတ်နံရံပြိုပျက်မှုကြောင့်ဆယ်ကျော်သက်အရွယ် ကျောင်းသား သုံးဦးမှာ နေရာတင်သေဆုံးခဲ့တာလို့ သိရပါတယ်။






အဆိုပါ ဖြစ်စဉ်အတွင်း လူပျောက်ဆုံး ပိမိနေတာမျိုးတော့ မရှိခဲ့ဘဲ သေဆုံးမှုသူတွေနဲ့ ဒဏ်ရာရရှိခဲ့သူတွေကို နယ်မြေခံ လူမှုကူညီရေးအသင်း လူနာတင်ယာဉ်တွေနဲ့ လမိုင်းဆေးရုံဆီ ပို့ဆောင်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။
